အခန်း (၁)

13.3K 1.1K 86
                                    

The General's Manor Young Concubine Survival Report

Author: Feng De Lingdang (Wind's Little Bell)

___

ငိုသံတွေကြောင့်​ ငါ နိုးလာရတယ်​။

ငါ နိုးလာတော့ ရှေးခေတ်​ အစေခံတွေလို ဝတ်​စားထတဲ့ မိန်းကလေးနှစ်​ယောက်​ ကုတင်​ဘေးမှာ ငိုနေတာကို တွေ့ရတော့တာပဲ။ သူတို့နှစ်​ယောက်​လည်း တွေ့ရော ငါ့အပေါ်ကို ခုန်​အုပ်​ပြီး ငိုပါလေရော။ "မမလေး နိုးလာပြီ..." ဆိုပြီး... ငါ ထင်​တယ်​။ ငါတော့ ဝိဉာဉ်​ကူးပြောင်း အချိန်​ခရီးသွားလေပြီ။

ဒီလိုနဲ့ ငါ အိပ်​ရာပေါ်မှာ လှဲနေရင်း အိပ်​ရာကို ကာတဲ့ ဖဲသား ကန့်​လန့်​ကာတွေကို ကြည့်​ရင်း ကိုင်​ကြည့်​လိုက်​ရင်​ ဘယ်​လိုနေမလဲလို့ တွေးနေမိတော့တယ်​။ အစေခံမလေးတွေ သမားတော်​သွားခေါ်တာကို လွှတ်​ပေးလိုက်​တယ်​။ သူတို့တွေ ငိုနေတာမှ ဝံပုလွေလို အူပြီး တစ္ဆေလို မြည်​နေတာပဲ။

ငါ့တင်​ပါးက နည်းနည်းနာနေတယ်​ဆိုပေမယ့်​ ငါ့ကို ပေးထားတဲ့ ပစ္စည်းဥစ္စာတွေ၊ ငါ့ကို ထားတဲ့ နေရာအထိုင်​ခင်းတွေအရ ငါ ပြုခဲ့တဲ့အပြစ်​ကို အခုလောက်​ဆို ခွင့်​လွှတ်​ပြီးလောက်​မှာပါ။

ဒီလို အခြေအနေမျိုးမှာ ငါ စိတ်​အေးအေးနဲ့ တည်​တည်​ငြိမ်​ငြိမ်​လေး နေမှ ငါ့အတွက်​ အခြေအနေပိုကောင်းမယ်​ဆိုတာ ငါ သိတယ်​လေ။

စာတွေ့ အတွေ့အကြုံတွေအရ ငါသာ အခုကျန်​နေခဲ့တဲ့ အစေခံမိန်းကလေးတွေဆီက သတင်းအချက်​အလက်​အချို့နှိုက်​ယူနိုင်​မယ်​ဆိုရင်​၊ ပြီးတော့ လက်​ရှိအခြေအနေအရ ငါ မှတ်​ဉာဏ်​ပျောက်​ပြီး အတိတ်​မေ့ဟန်​ဆောင်​လိုက်​မယ်​ဆိုရင်​ ရပြီလေ။ ဒီ Plan ကြီး နှစ်​ခုဟာ လွဲမှားသွားစရာကို မရှိဘူး။ တစ်​ဖက်​လူတွေက ငါ့ကို "မမလေး" လို့ခေါ်ပုံရယ်​၊ အခန်းထဲက လှလှပပ အပြင်​အဆင်​တွေရယ်​ ကြည့်​ရရင်​ ငါ အိမ်​ထောင်​မပြုရသေးလောက်​ဘူး။ အိမ်​တော်​ရဲ့ သခင်​မလေး ဖြစ်​နေတုန်းပဲနေမှာ။ ဒီတော့ကာ ငါ့ရဲ့ နောက်​ခြေလှမ်းက ငါဟာ တမူထူးခြားတယ်​ဆိုတာကို ဖြည်းဖြည်းချင်း ပြဖို့ပဲ။ အဲ့သလိုဆို လူအများကြားမှာ ငါ ထင်​ပေါ်လာလိမ်​မယ်​။ ငါဟာ အင်​မတန်​မှ ထူးခြားပြောင်​မြောက်​သူလေးလို့ အားလုံးက ထင်​လာကြမှာ။ အိုက်​ယား၊ အဓိကဇာတ်​လိုက်​လည်း ငါ့ကို သဘောကျနှစ်​သက်​သွားပြီး ငါနဲ့မှ မရရင်​ မနေနိုင်​တော့ပါဘူးတွေ၊ ငါကလွဲရင်​ ဘယ်​သူ့မှ မလိုချင်​ပါဘူးတွေ ဖြစ်​သွားစေရမယ်​။ ပြီးရင်​ ငါတို့နှစ်​ယောက်​ အခက်​အခဲတွေ အတူတကွ ကျော်​ဖြတ်​ကြမယ်​။ နောက်​တော့ ငါတို့နှစ်​ယောက်​ အထင်​လွဲမှုတွေကို ဖြေရှင်းပြီး ကိုယ့်​ ခံစားချက်​ကို ဝန်​ခံကာ ပြဿနာမှန်​သမျှ ကျော်​လွှားသွားနိုင်​ကြမယ်​လေ။ ပြီးရင်​တော့ ငါတို့ လက်​ထပ်​ကြပြီး ကလေးတွေ မွေးမယ်​။

ငန်းတော်၏ တေးOpowieści tętniące życiem. Odkryj je teraz