The General’s Manor Young Concubine Survival Report
Author: Feng De Lingdang (Wind’s Little Bell)____
တစ်ခုခု မှားနေသလို ခံစားရတယ်ဟာ။
တကယ်က ငါ့ဘက်က စပြီး အီစီကလီနေကျလေ။ ဒါပေမယ့် ရှန်းထျန်းကောက ငါ့ကို စတတ်လာပြီဆိုတာ ဘာသဘောလဲ။
ငါ ရှန်းထျန်းကောကို ပေါ်အိမ်တော် လိုက်နေဖို့ ခေါ်လိုက်တယ်။ ဒါပေမယ့် သူကတော့ ယဉ်ယဉ်လေး ငြင်းရှာပါရဲ့။ "ငါ ရှန်းအိမ်တော်ကိုပဲ ပြန်ချင်တယ်..."
ငါ၊ ". . . . ." မအေငိုး...! စစ်သူကြီးအိမ်တော်အပြင် ရှန်း အိမ်တော်လည်း ရှိသေးတယ်ဆိုတာ ငါ မေ့သွားခဲ့တာပဲ။ ရှန်းထျန်းကော အဖေ ဝေ့နယ်စား အိမ်တော်ပေါ့။
ငါ့အိမ်ကို မရ ရအောင် အပါခေါ်ဖို့ ကြံနေတုန်းမှာပဲ၊ သူ့ဘက်က ပြောလာတယ်။ "ငါ့အိမ်လိုက်ခဲ့မလား..."
သူ့ရဲ့ အပြုံးလှလှ ငြို့မျက်နှာကိုသာ ငါ ကြည့်နေခဲ့မိတယ်။ စိုက်မကြည့်ဘဲ မနေနိုင်ခဲ့ဘူး။ နောက်တော့ ငါ မျက်ရည်ကျမတတ် ဝမ်းသာရပြန်တယ်။ "ထျန်းကော... နင်က နင့်မိဘတွေနဲ့ ငါ့ကို တွေ့ပေးမလို့ပေါ့လေ... မစောလွန်းဘူးလား... ငါ ခန်းဝင် လက်ဖွဲ့တွေ ပြင်ထားလိုက်ရတော့မလား..."
ရှန်းထျန်းကော၊ "……မဟုတ်သေးပါဘူး... မင်း အရမ်းတွေ လမ်းကြောင်းလွဲနေပြီ၊ နည်းနည်းပါးပါး တည်တည်တံ့တံ့လေး နေပါဦးလား..."
ငါ မျက်နှာကို လက်ကိုင်ပုဝါလေးနဲ့ အသာအုပ်လိုက်ပြီး ရှက်တန့်တန့်အမူအရာနဲ့ ပြောလိုက်တော့တယ်။ "လူဆိုး... ထျန်းကော၊ နင် ငါ့ကို မတည်မတံ့လို့ ပြောတယ်နော် အားကြီးကြီး..."
ရှန်းထျန်းကော၊ ".......နင် သွားချင်တာလား"
"သွားမှာပေါ့...!" ငါ ပြတ်ပြတ်ပဲ ပြန်ဖြေပေးလိုက်တယ်လေ။
YOU ARE READING
ငန်းတော်၏ တေး
HumorZawgyi + Unicode ငါက ကိုယ့်ကိုယ်ကို ဇာတ်လိုက်လို့ထင်နေခဲ့တာ။ ငါ့တစ်သက်စာ လုပ်ကျွေးမယ့် ထမင်းလက်မှတ်ကြီးရဲ့ အသည်းနှလုံးကို ဖမ်းယူနိုင်လိုက်တာနဲ့ သူ့အချစ်စစ်ဖြစ်ခွင့်ရမယ်။ သူ့ကို လက်ထပ်ပြီး ကလေးတွေ မွေး၊ နောက်ဆုံး သားယောက်ျား...