part-3

5.9K 397 18
                                    

Unicode

"ကျွန်မတို့ဘက်က အကြိမ်ကြိမ်သတိပေးခဲ့ပြီးပြီလို့ထင်ပါတယ်။ ကလေးက ဒီအတိုင်းပဲဆက်လုပ်နေဦးမယ်ဆိုရင်
ကျွန်မတို့ ကျောင်းကဆက်ပြီးလက်မခံနိုင်မှာမဟုတ်ပါဘူး"

ရုံးခန်းအခေါ်ခံရမူနဲ့အတူ ကျောင်းပိုင်ရှင်အုပ်ကြီးကိုယ်တိုင်
သတိပေးစကားဆိုခဲ့တာမို့ မိဘတွေလဲ မတတ်နိုင်တော့ပေ။ ကိုယ်က ပိုက်ဆံရှိတယ်ဆိုပြီးမာန်ထောင်မယ်ကြံပြန်တော့
ကျောင်းအုပ်ကြီးက ကိုယ့်ထက်နှစ်ဆလောက်ချမ်းသာနေတာ
မလား။

"တောက်စ်!! ရှက်လွန်းလို့ ငါ့မျက်နှာဘယ်နားသွားထာရမှန်းတောင်မသိဘူး"

"ဒယ်ဒီ"

"သွားခုချက်ချင်း အထုပ်အပိုးတွေပြင် မင်းကိုဒီမှာမထားဘူး
မင်းအဖိုးဆီပို့မယ်"

"ဒယ်ဒီ"

"သွားလို့ ငါပြောနေတယ် ဇောင်းမာန်"

ဖခင်၏ အရိပ်အကဲကို နားလည်စွာပဲ ဇောင်းမာန် ကိုယ့်အခန်းထဲကိုယ်ဝင်ပြီး အဝတ်တွေသိမ်းရတယ်။ အသက်ငယ်လို့
ဆိုပြီးအဆိပ်မရှိဘူး ထင်ခဲ့မိတာ မှားသွားတာပေါ့။
မင်းသိပ်အာမကျယ်နဲ့ ချစ်ဦးသွင် ငါပြန်လာတဲ့နေ့မင်းသေရမယ်။

________________♥_________________

"I like a bridge_Any kind of bridge at all......
I like a bridge_Any Kind of bridge at all....
I like a bridge _Any Kin..."

ဘုတ်...

စာအုပ်ပျံလေးက ချစ်ဦးသွင် ခေါင်းကိုတည့်တည့်ထိတယ်။

"မင်းအဲ့တစ်ကြောင်းတည်းဆိုနေတာ အခါတစ်ရာပြည့်တော့မယ် နောက်တစ်ကြောင်းပြောင်းကျက်"

"ဟ.. စာကျက်တယ်ဆိုတာကျက်ချင်တိုင်းကျက်လို့မရဘူး
စိတ်လေးကပါမှကွ ။ ငါအခုတစ်ကြောင်းတည်းကို ဘာလို့
ထပ်ခါထပ်ခါဆိုနေလည်းသိလား"

"ဘာလို့တုန်း"

" မင်းငါ့ကို တစိမ့်စိမ့်ထိုင်ကြည့်နေတော့ ရှက်လို့"

"သောက်ပိုပြောတတ်တဲ့အကျင့်လေးသာမရှိရင် မင်းကိုငါ ဒီထက်ပိုခင်မိမှာသေချာတယ်"

ဆိုတော့ကား ချစ်ဦးသွင်ကို ဒါမျိုးပြောလို့ရရိုးတဲ့လား။ ရှေး အနားကို သွားကပ်ထိုင်ပြီး ပါးကိုရွှတ်​ခနဲ နမ်းလိုက်တယ်။

Before Fiction (Completed) Where stories live. Discover now