part-9

4.8K 323 16
                                        

Unicode

အချစ် ဆီက အချစ်ကို ရဖို့ ခင်ဗျားမှာ ဆွဲဆောင်မူ ရာခိုင်နှုန်း
ဘယ်လောက်ရှိလဲ။

ဒါကတော့ ဒီနေ့ကျွန်တော့်ဦးနှောက်ကို ဖောက်စားနေတဲ့
မေးခွန်းပေါ့။

ကျွန်တော်ရှေးကို ထိုင်ကြည့်နေတယ်။ ရှေးအိပ်ပျော်နေတာကို
မဟုတ်ဘူး ရေချိုးနေတာကို။ ရှက်တယ်မကြည့်နဲ့ဆိုပြီး လိုက်
ကာလေး ပိတ်ထားပေမယ့် လွှတ်နေတဲ့ အောက်အနားစမှာ
ခြေထောက် ဖြူဖြူလေး က အထင်းသားပေါ်လို့နေတယ်။

ခြေသည်းခွံကြည်ကြည်လေးတွေနဲ့ အကြောစိမ်းစိမ်းလေးတွေ ထောင်ထနေတဲ့ ခြေဖမိုးက ရေစက်တွေနဲ့ ဘယ်လောက်
ဂန္နဝင်ဆန်လိမ့်မလဲ။

ကျွန်တော်ကြားဖူးတာတစ်ခုရှိတယ် ။ ခင်ဗျားတို့လည်း
ကြားဖူးမယ်ထင်တယ်။ လင်မယားနှစ်ယောက်မှာ မိန်မ
ခြေညိုးက ခြေမထက်ရှည်ရင် ယောကျာ်းကို နိုင်စားတတ်
တယ်တဲ့။ ဟုတ်သလား။

ကျွန်တော်ကြည့်ရသလောက်တော့ ရှေး ခြေချောင်းတွေဟာ
ပုံမှန်ပါပဲ။ ကျွန်တော့် ခြေညိုးသာ ခြေမထက် နဲနဲလေး
ပိုရှည်သလ်ိုဖြစ်နေတာ။ ဒါဆို ကျွန်တော်က ရှေးကို နိုင်မှာလား။ ဟမ်...ဘယ်လိုအတွေးကြီးလည်း No no no
မဖြစ်နိုင်ဘူး ဖြစ်ချင်းဖြစ် ရှေးက ငါ့မိန်းမပဲ ဖြစ်မှာ။

ထားပါတော့ ပေါက်တတ်ကရ တွေ မစဉ်းစားစမ်းနဲ့ ။
အချစ်အကြောင်းပဲ ဆက်တွေးမယ်။

အချစ်က ပန်းလေးတစ်ပွင့်လိုပဲ ဘယ်ချိန်ကြည့်ကြည့်
လှတယ်။ ရေပိုက်ကရေတွေဟာ ကြမ်းပြင်ပေါ်တိုက်ရိုက်
မကျပဲ ရှေးကိုယ်ပေါ် တစ်ဖျောက်ဖျောက်နဲ့ကျနေမှာကို
တွေးမိတိုင်း အသက်မြန်မြန်ကြီးချင်လာတယ်။ ငါဘာလို့
ခုမှ ဆယ်ခြောက်နှစ်ပဲ ရှိသေးတာလဲ။

"ဦးချစ် ထိုင်ကြည့်မနေနဲ့လေကွာ... အဝတ်မဝတ်ဘူးလား"

ဟုတ်သား ကျွန်တော်ရေချိုးပြီးတာကြာလှပြီ။ အကျႌမဝတ်ပဲ
အချစ်ရဲ့ အလှကို ထိုင်ငေးနေတာ ဈာန်ဝင်သွားတယ်ထင်
ပါရဲ့။

"မောင် ငါဘာဝတ်ရမှာလဲ"

"ကြိုက်တဲ့ဟာဝတ်"

Before Fiction (Completed) Where stories live. Discover now