part. 1

60.1K 2.7K 14
                                    

" သ... သခင်လေး ကျွန်တော် တောင်း... ​တောင်းပန်ပါတယ် ။ မသတ်ပါနဲ့ ''

သွေးသံရဲရဲနဲ့လူတစ်ယောက်က သူ့မျက်စိရှေ့က သခင်လေးဆိုတဲ့ လူရဲ့ခြေထာက်တွေကို အတင်းဖက်တွယ်ပြီး အသက်ကိုချမ်းသာပေးဖို့ တောင်းပန်လို့နေတယ် ။

" မလုပ်ခင်တုန်းက ဖြစ်လာမဲ့အကျိုးဆက်တွေကို မစဉ်းစားခဲ့ဘူးလား? "

" ကျွန်တော်... ကျွန်တော်ငွေအရမ်းလိုနေလို့ သခင်လေးကို သစ္စာဖောက်မိပါတယ် ။ ခွင့်လွှတ်ပေးပါ...''

" လောကမှာ ငါအမုန်းဆုံးလူတွေက သစ္စာဖောက်တွေပဲ ''

" ချမ်း... ချမ်းသာပေး ''

သေနတ်သံတစ်ချက် ထွက်သွားပြီးတဲ့နောက်မှာတော့ အဲ့ဒီလူကနိဂုံးချုပ်သွားခဲ့တယ် ။

သခင်လေးဆိုတဲ့လူက သူ့ခြေထောက်ကို ရွံရှာသလိုစိုက်ကြည့်နေတော့ ဘေးနားကအစောင့်တွေက ဝတ်စုံအသစ်တစ်စုံ သွားယူလာ​ပေးကြတယ် ။ ဖြစ်သွားတဲ့အဖြစ်အပျက်တွေက သူတို့အတွက်တော့ ဘာမှမထူးဆန်း ။ မြင်နေကြအရာတွေပဲ ။

ခေါင်းဆောင်လို့ထင်ရတဲ့လူက အ​ရှေ့ကိုထွက်လာပြီး သခင်လေးရဲ့ကိုယ်ပေါ်က ဝတ်စုံကိုချွတ်ကာ အသစ်လဲပေးလိုက်တယ် ။ ကျန်ရှိနေတဲ့လူတွေကလည်း သူတို့သခင်လေးရဲ့ခန္ဓာကိုယ်ကို မကြည့်မိစေဖို့အတွက် မျက်လွှာတွေအောက်ချထားတယ် ။

" သူရဲ့မိသားစုကိုဘယ်လိုလုပ်လိုက်ရမလဲ သခင်လေး? ''

" ရှင်းပစ်လိုက် ''

သခင်လေးဆိုလူက Dark Roseရဲ့ခေါင်းဆောင်တစ်ယောက် ။ အသက်နှစ်ဆယ့်ငါးနှစ်သာရှိသေးပြီး မြေအောက်စီးပွားရေး (မှောင်ခိုလုပ်ငန်း) ​လောကမှာတော့ ဘုရင်​တစ်ပါးပင် ။ လူအများစုကတော့ သူ့ကို မြေခွေးအိုကြီးလို့ခေါ်တယ် ။ အသက်ငယ်ငယ်လေးနဲ့မှမလိုက် အလွန်ညဏ်နီညဏ်နက်များလွန်းတာကြောင့် မြေခွေးအိုကြီးဆိုနဲ့နာမည်ကို ရရှိခဲ့တယ် ။

သွေးဆာနေတဲ့နတ်ဆိုးလိုပဲ သိပ်ကြောက်ဖို့ကောင်းလွန်းတယ် ။ သူ့ကို ပြသာနာရှာချင်တယ်ဆိုရင် အနည်းဆုံးငါးခေါက်လောက် ပြန်စဉ်းစားဖို့လိုတယ် ။

Love You The Most In The World [ Completed ] Where stories live. Discover now