ဝမ်ရီပေါ်က သူ့ထက်လူကောင်နှစ်ဆကြီးတဲ့ မျက်စိရှေ့ကလူကိုကြည့်ပြီး အနိုင်တိုက်နိုင်ဖို့သာ စိတ်ထဲမှာတွေးနေတယ် ။ သူနိုင်မှဖြစ်မယ် ။ ဆယ့်ငါးနှစ်အရွယ်ကောင်လေးက အသက်နှစ်ဆယ်ကျော်လူတစ်ယောက်ကို နိုင်ဖို့ဆိုတာသိပ်ကိုခက်ခဲလွန်းတယ် ။ လက်မခံချင်ပေမဲ့ ဒါကအမှန်တရားပဲ ။
သူရဲ့ဝမ်းဗိုက်ကို လက်သီးပြင်းပြင်းတစ်ချက်က ဝင်ရောက်လာတယ် ။ ဘယ်လောက်ပြင်းလဲဆိုရင် မတ်တပ်တောင်မရပ်နိုင်ပဲ လဲကျသွားတဲ့အထိ ။ ဒါပေမဲ့လက်လျော့ဖို့တော့ မတွေးမိဘူး ။ အခုချိန်သူသာလက်လျော့လိုက်ရင် ကြိုးစားခဲ့သမျှအကုန်လုံးက သဲထဲရေလောင်းချလိုက်သလို ဖြစ်သွားလိမ့်မယ် ။
ယိုင်နေတဲ့ခြေထောက်နှစ်ချောင်းကို အားပြုလို့ ပါးစပ်ကသွေးတွေကို လက်နဲ့ပွတ်သပ်လိုက်ပြီး မျက်လုံးတွေကိုမှိတ်ကာ အသက်ပြင်းပြင်းရှူထုတ်လိုက်တယ် ။ ပြေးလာတဲ့အသံကို နားထောင်လို့ ရှိသမျှအားကုန်သုံးကာ အဲ့ဒီလူရဲ့ရင်ညွှန့်တည့်တည့်ကို လက်သီးနဲ့ထိုးချလိုက်တယ် ။
အော်ဟစ်အားပေးနေတဲ့ အသံတွေအားလုံးက ချက်ခြင်းတိတ်ဆိတ်သွားတယ် ။ အနိုင်ရတော့မယ်လို့ ထင်ကြေးပေးခံထားရတဲ့လူက အခုဆိုကြမ်းပြင်မှာပတ်လက်နဲ့ ။ နိမ့်ချည်မြင့်ချည်ဖြစ်နေတဲ့ ရင်ဘက်အရ အသက်ကို ခက်ခက်ခဲခဲရှူနေရမှန်း နားလည်ကြတယ် ။
သူတို့က မတ်တပ်ရပ်နေတဲ့ကောင်လေးကို မယုံကြည်နိုင်တဲ့မျက်လုံးတွေနဲ့ စိုက်ကြည့်နေမိကြတယ် ။ ဒါပေမဲ့အဲ့ဒီကောင်လေးက ဒီအခြေအနေကို သိပ်ပြီးသဘောကျတဲ့ပုံမရဘူး ။ ကြမ်းပြင်ပေါ်ကျနေတဲ့လူအနား ဖြည်းဖြည်းချင်းသွားနေတာကို အားလုံးက ရင်တတိတ်တိတ်နဲ့ ဆက်လက်ကြည့်ရှုနေတယ် ။ သူတို့စိတ်ထဲမှာလည်း ကောင်လေးက ဘာထပ်လုပ်အုံးမှာလဲဆိုတာကို ခန့်မှန်းနေကြတယ် ။
ဝမ်ရီပေါ်က ကြမ်းပြင်ပေါ်လဲကျနေတဲ့ လူအနားသွားလို့ ရင်ဘတ်ကို ခြေထောက်နဲ့ဖိချလိုက်တယ် ။ အဲ့ဒီနောက် ကြောက်ဖို့ကောင်းတဲ့ အရိုးကျိုးသံတွေထွက်ပေါ်လာပြီး တိကနည်းသေဆုံးသွားတယ် ။ ဝမ်ရီပေါ်က အနိုင်ရသွားတာနဲ့ ရှောင်ကျန့်ရှိနေတဲ့နေရာကိုပဲ ဦးတည်ကာလာခဲ့တယ် ။ အခုဆိုရင်တော့ အားလုံးရဲ့အာရုံက သူ့အပေါ်မှာ ။
YOU ARE READING
Love You The Most In The World [ Completed ]
FanfictionStart Date - 14 Nov 2019 End Date - 8 Feb 2020 Wang Yibo Xiao Zhan [ Both Zawgyi and Unicode ]