part. 15

17.4K 1.5K 7
                                    

ရှောင်ကျန့်က မိခင်ဖြစ်သူရဲ့အော်ငိုသံတွေ ၊ ​ကျေနပ်အားရစွာရယ်မောနေတဲ့ လူစိမ်းတွေရဲ့အသံကို ကြိတ်မှိတ်ကာနားထောင်နေခဲ့ရတယ် ။ ​ကျေနပ်သွားတဲ့လူစိမ်းတွေက မိခင်ဖြစ်သူရဲ့ဗိုက်ကို ဓားနဲ့အကြိမ်ကြိမ်ထိုးလို့ အခန်းထဲကထွက်သွားကြတယ် ။

တုန်တုန်ရီရီနဲ့ ပုန်းနေရာကထွက်လာပြီး သွေးတွေနဲ့မြင်မကောင်းလောက်အောင် ပုံပျက်နေတဲ့မိခင်အနားကို ဖြည်းဖြည်းချင်းသွားလိုက်တယ် ။ ​မွေ့ယာပေါ်ကစောင်ကိုယူကာ ဘာမှမရှိတဲ့မိခင်ဖြစ်သူရဲ့ အသက်မဲ့နေတဲ့ခန္ဓာကိုယ်ကို လွှမ်းခြုံပေးလိုက်တယ် ။

အဲ့ဒီနောက်အပြင်ဘက်ကို တိတ်တိတ်လေးချောင်းကြည့်လိုက်တယ် ။ ​မြေပြင်မှာဒူးထောက်နေတဲ့ ဖေဖေရဲ့သစ္စာခံတွေကို တစ်ယောက်ချင်းစီ လည်ပင်းကနေဖြတ်ကာ သတ်နေတဲ့လူတွေ ။ အဖေဖြစ်သူကိုတော့ အဲ့ဒီလူတွေကြားမှာ မတွေ့တာကြောင့် စိတ်သက်သာရာရသွားတယ် ။ ဒါပေမဲ့လည်း မကြာပါဘူး ။ ​သွေးသံတရဲရဲဖြစ်နေတဲ့ လူတစ်ယောက်ကို ဆံပင်ကနေဆွဲကိုင်ပြီး ​မြေပြင်ပေါ်ပစ်ချလိုက်တယ် ။

..အ..ဖေ.!!..

ရှောင်ကျန့်က သူ့ရဲ့ပါးစပ်ကို အလျှင်အမြန်ပိတ်လိုက်တယ် ။ အသံထွက်သွားလို့မဖြစ်ဘူး! ။ ကိုကိုရော ? ရီချောင်ကိုကိုရော ? ကိုကိုဘယ်ရောက်နေလဲ ? ကျန်းကျန်းကိုလာကယ်ပါအုံး ။ အဖေဖြစ်သူရဲ့ခေါင်းကို ခြေထောက်နဲ့တက်နင်းထားတဲ့ လူရဲ့နောက်ကျောက အရမ်းရင်းနှီးလွန်းတယ် ။

" မင်း!! သစ္စာဖောက်ကောင်!! ​ကျွေးတဲ့လက်ကို ပြန်ကိုက်တဲ့ခွေးကောင်! "

" အဟက်!! မစ္စတာရှောင်ရ မစ္စတာရှောင်.. ကျွန်တော်က ခင်များကို ဘာကိစ္စနဲ့သစ္စာဖောက်ရမှာလဲ ? ။ အစတည်းက ခင်များအနားကို အကြံနဲ့ကပ်လာတာပဲလေ ။ ''

"  ဒါဆိုရင်အရင်က ?....''

" ဟုတ်တာပေါ့ ။ ခင်များသားကို ကယ်တယ်ဆိုတာလည်းအကြံနဲ့ ။ အမှန်တော့ခင်များတို့ကို ချက်ခြင်းအပြတ်ရှင်းဖို့ စဉ်းစားခဲ့သေးတယ် ။ ဒါပေမဲ့ခင်များရဲ့သားလေးက အရမ်းချစ်ဖို့ကောင်းနေတယ်လေ ။ သူ့ကိုရင်းနှီးအောင်လုပ်ပြီးမှ ခင်များတို့ကို အပြတ်ရှင်းဖို့ကြံခဲ့တာ ။ ''

Love You The Most In The World [ Completed ] Where stories live. Discover now