part. 3

22.2K 2.2K 24
                                    

သူ့နာမည်က ဝမ်ရီပေါ် ။ ဦးလေးဖြစ်သူက အမွေတွေကိုမက်တာကြောင့် သူ့မိသားစုကိုလုပ်ကြံခဲ့တယ် ။ အသက်ဆယ့်သုံးနှစ်အရွယ်မှာပဲ မိဘနှစ်ပါးက ကားအက်စီးဒင့်ဖြစ်ပြီး သေဆုံးသွားတယ် ။ မိဘတွေရဲ့ပိုင်ဆိုင်မှုတွေကို ဦးလေးဖြစ်သူကလုခဲ့ပြီး သူ့ကိုလည်း မိဘမဲ့ဂေယာမှာ စွန့်ပစ်ခဲ့တယ် ။

ဒီလိုအဖြစ်အပျက်တွေဖြစ်ပြီးတဲ့နောက်မှာတော့ ဝမ်ရီ​ပေါ်က သွေးအေးတဲ့လူတစ်ယောက်ဖြစ်လာခဲ့တယ် ။ သူ့ရဲ့ဘဝကြီးကိုမုန်းတယ် ။ မိဘတွေကို ဘယ်သူသတ်လဲဆိုတာကို သိနေတာတောင်မှ လက်တုန့်မပြန်နိုင်တဲ့ သူ့ကိုယ်သူမုန်းတယ် ။

သူ့ထက်လူကောင်ထွားတဲ့ ဂေယာကကလေးတွေရဲ့ အနိုင်ကျင့်မှုကိုခံခဲ့ရပေမဲ့ ဘာမှပြန်မလုပ်ခဲ့ဘူး ။ဘသူရဲ့မျက်လုံးတွေက သေမှာကိုစောင့်နေတဲ့မျက်လုံးတွေလိုမျိုး ။ ​မွေးစားဖို့လာခဲ့တဲ့ လူတွေအားလုံးကိုလည်း ငြင်းဆန်ခဲ့တယ် ။ သူ့မှာဘာမျှော်လင့်ချက်မရှိတော့ဘူး ။ သူကသေဆုံးနေပြီးသား ။

ဒါပေမဲ့တစ်နေ့တော့ သူတို့်ဂေယာကို လူတစ်ယောက်ရောက်လာခဲ့တယ် ။ ကြားရတဲ့သတင်းတွေအရဆို ကလေးမွေးစားဖိုလာခဲ့တာတဲ့ ။ အယောက်တစ်ရာဆိုပဲ ။ အဲ့ဒီလူကမရိုးရှင်းဘူးဆိုတာကို သူ့စိတ်က အလိုလိုသိနေခဲ့တယ် ။ ဘယ်သူကများ ဒီလောက်ကလေးအများကြီးကို တစ်ခါတည်းမွေးစားဖူးလို့ပဲ ။

ကလေးတွေက သူတို့ကို​ ​မွေးစားမယ်ဆိုတဲ့သတင်းကြောင့် ​ပျော်ရွင်နေပေမဲ့ သူကတော့အတော်စိတ်ပျက်နေရတယ် ။ ကလေးတွေကိုခုတုံးလုပ်ပြီး ဘာတွေလုပ်ဖို့များလဲ ? ။ အဲ့ဒီမွေးစားဖို့ ခေါ်သွားခံရတဲ့ကလေးတွေထဲ ဝမ်ရီပေါ်ဆိုတဲ့ သူမပါခဲ့ဘူး ။ စစ်စတာကြီးက သူ့ကိုထည့်ခဲ့ပေမဲ့ လိုက်မသွားနိုင်ကြောင်းကိုဘယတိပြတ်ငြင်းဆိုခဲ့တယ် ။

အသက်မရှင်ချင်တာမှန်ပေမဲ့လည်း အသုံးချခံရမှာကိုတော့ မလိုလားဘူး ။ ဝမ်ရီပေါ်ဆိုတဲ့လူက ဘယ်သူ့ကိုမှဦးမညွှတ်နိုင်ဘူး ။ ဘာမှမသိပဲပျော်ရွှင်နေတဲ့ သူ့အရွယ်လူတွေကိုပဲ စိတ်ပျက်စွာကြည့်နေလိုက်တယ် ။ အဲ့ဒီလူတွေထဲမှာ သူ့ကိုအမြဲအနိုင်ကျင့်နေတဲ့ လူတွေလည်းပါတယ် ။ သူ့မျက်လုံးတွေက အဲ့ဒီလူတွေကိုတွေ့တော့ အရောင်တစ်ချက်လတ်သွားတယ် ။ အဟက် ! အလကားစောက်ရူးတွေ ။

Love You The Most In The World [ Completed ] Kde žijí příběhy. Začni objevovat