ချူယွမ်ထွက်သွားပြီဆိုတဲ့အသိက သူ့ကို နည်းနည်းတော့ စိတ်အနှောင့်အယှက်ဖြစ်စေတယ် ။ ချူယွမ်မရှိတော့ရင် သူ့ကိစ္စတွေကို လုပ်ပေးမဲ့လူမရှိတော့ဘူးပဲ ။ ရှောင်ကျန့်က အိပ်ချင်မူးတူးနဲ့ အိပ်ယာကထကာ ရေချိုးခန်းထဲဝင်ဖို့ပြင်လိုက်တော့ သူ့ကို မျက်တောင်မခတ်တမ်းကြည့်နေတဲ့ ဝမ်ရီပေါ်ဆိုတဲ့ကောင်လေးကို တွေ့သွားတယ် ။
ကျစ်!! အဲ့ဒီသောက်ကြောတင်းလေးက ဘယ်အချိန်ကတည်းက သူ့အခန်းထဲရောက်နေတာလဲ ? ။ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားတာမို့ သတိမထားမိခဲ့ဘူး ။ တခြားလူတွေသာဆိုရင် အခုအချိန်ဘယ်ဘဝရောက်မှန်းမသိ ရောက်နေလောက်ပြီ ။ ဝမ်ရီပေါ်က သူ့အခန်းထဲမှာရှိနေတာကို သူက သတိမထားမိဘူးဆိုတော့ ဝမ်ရီပေါ်က တိုးတက်လာတယ်ဆိုတဲ့သဘောပေါ့ ။.
အင်းပေါ့လေ!! အကြောကလည်းတင်းသေး တော်ကလည်းတော်သေးဆိုတော့ ဒီလောက်တော့ရှိရမှာပေါ့ ။ ရေချိုးခန်းထဲဝင်လိုက်တော့ နောက်ကနေလိုက်လာတာမို့ မျက်မှောင်ကြုတ်မိသွားတယ် ။ ဘာလဲ ? ဝမ်ရီပေါ်က အထဲထိလိုက်မလို့လား ? ။
သူထင်ထားတဲ့အတိုင်းပဲ ဝမ်ရီပေါ်က ရေချိုးခန်းထဲလိုက်ဝင်လာပြီး သွားတိုက်ဆေးတွေပြင်ပေး ၊ ရေနွေးစပ်ပေးလုပ်နေတာကြောင့် စိတ်ရှုပ်သွားရတယ် ။ သူ့ကိုဘာမှမပြောပဲ လုပ်ချင်တာလုပ်နေတာလား ? ။ အဲ့ဒီသောက်ကောင်လေးက တကယ်ကိုရိုက်သတ်ချင်စရာလေး ။
" မင်းဘာတွေလုပ်နေတာလဲ ? ''
" ကိုယ်ရံတော်ချူယွမ် ထွက်သွားပြီလို့ကြားတယ် ။ ''
" အဲ့ဒီတော့... ''
" သူလုပ်နေတဲ့အရာတွေကို ကျွန်တော်တာဝန်ယူမယ် ။ ''
" မင်းကို ငါက အမိန့်ပေးနေလို့လား ? "
" ကျွန်တော်ကလွဲပြီး ဘယ်သူမှခင်များကို အနီးကပ်စောင့်ရှောက်ရဲမှာမဟုတ်ဘူး ။ ''
"........''
" အဲ့တာကြောင့် ဒီတာဝန်ကို ကျွန်တော်ယူမယ် ။ ''
" ငါ့မှာလက်တွေခြေတွေပါတယ် ။ ''
" ဘာလို့လဲ ? ဘာလို့ကျွန်တော့်ကို မလိုအပ်တာလဲ ? ။ ချူယွမ်ဆိုတဲ့လူက ဘာများကောင်းနေလို့လဲ ? "
KAMU SEDANG MEMBACA
Love You The Most In The World [ Completed ]
Fiksi PenggemarStart Date - 14 Nov 2019 End Date - 8 Feb 2020 Wang Yibo Xiao Zhan [ Both Zawgyi and Unicode ]