ရီချောင်က အခုလူတစ်ယောက်နဲ့သွားတွေ့ဖို့ ပြင်ဆင်နေတယ် ။ အဲ့ဒီလူက တခြားလူတော့မဟုတ်ဘူး 'ရီ' ဆိုတဲ့လူပဲ ။ သူ့ဘက်ကို အရင်စပြီးဆက်သွယ်လာတာမို့ လက်ခံခဲ့တယ် ။ အဲ့ဒီလူနဲ့ပတ်သတ်ပြီး အတည်ပြုစရာရှိတယ် ။ သူတို့လိုဒုစရိုက်လောကမှာ ကျင်လည်နေတဲ့လူတွေက လိုချင်တာရှိမှအရေးလုပ်ကြတာမလား ။ ဒီလူကလည်း အကြံရှိလို့ သူ့စီကပ်တာပဲနေမယ် ။
" ဒါဆိုမင်းက ရီဆိုတဲ့လူပေါ့ ။ ''
" ခင်များမျက်စိရှေ့က လူကိုတောင်မယုံဘူးလား ။ ''
" အဟက်! မင်းကို ချာတိတ်တစ်ယောက်လို့တော့ ငါလုံးဝမခန့်မှန်းမိဘူး ။ ''
" အဲ့ဒါကြောင့်ပဲ ခင်များနှစ်ကြိမ်ခံလိုက်ရတာလေ ။ ''
" မင်းက ငါ့စီဆက်သွယ်လာတယ်ဆိုတော့ လိုချင်တာဘာလဲ ''
" ကျွန်တော်သိချင်တာတစ်ခုရှိတယ် ။ အဲ့တာကိုပြောပြရင်တော့ ခင်များလည်း ကြိုက်တာမေးလို့ရတယ် ။ ''
" ကောင်းပြီ ။ ''
" လွန်ခဲ့တဲ့နှစ်တွေက Black Dragonအဖွဲ့ပျောက်သွားတာက ခင်များလက်ချက်လား ။ ''
" ဒါဆိုရင်ငါ့ကလေးကိုခေါ်သွားတဲ့လူက မင်းပဲဖြစ်မယ် ဝမ်ရီပေါ် ။ ''
" Bingo. ခင်များက တကယ်တော်တာပဲ ။ ''
" မင်းကိုတော့မမှီနိုင်ပါဘူး ။ မင်းက ငါ့လက်ထဲက ငါ့လူကိုတောင် ခေါ်ထုတ်သွားနိုင်တာပဲ ။ ''
" ဟိုးထား!! သူ့ကို ခင်များလူလို့ပြောခွင့်မရှိဘူး ။ သူကို ကျွန်တော်ပိုင်တာ ။ ''
" မင်းသိလား သူရဲ့အချစ်ဦးက ဘယ်သူလဲဆိုတာ ။ သူက အဲ့ဒီတစ်ယောက်အတွက်နဲ့ ငါ့ကိုဒေါ်သထွက်အောင်လုပ်ခဲ့တယ် ။ ''
".........''
ဝမ်ရီပေါ်က လက်သီးတင်းတင်းဆုပ်မိသွားတယ် ။ ရှောင်ကျန့်ရဲ့အချစ်ဦးက ဘယ်သူလဲဆိုတာကို သူအနည်းငယ်တော့မှန်းမိပါတယ် ။ ရှောင်ကျန့်က သူ့ကိုပြောဖူးတယ်လေ ။ သူက ရှောင်ကျန့်ရဲ့ပထမဆုံးအချစ် မဖြစ်ခဲ့ဘူးဆိုတာကို ။
" မင်းတကယ်မသိဘူးပဲ ။ ရှောင်ကျန့်က ကောင်မလေးတစ်ယောက်ကို သဘောကျခဲ့တယ် ။ ဒါပေမဲ့သူသဘောကျတဲ့လူက သူ့ရှေ့တည့်တည့်မှာပဲ ဖျက်စီးခံခဲ့ရတယ် ။ ''
YOU ARE READING
Love You The Most In The World [ Completed ]
FanfictionStart Date - 14 Nov 2019 End Date - 8 Feb 2020 Wang Yibo Xiao Zhan [ Both Zawgyi and Unicode ]