part. 13

17.1K 1.7K 15
                                    

~ ဂျပန်နိုင်ငံ ၊ တိုကျိုမြို့... ။

ဟယ်ရီက ​ရှောင်ကျန့်စီဖုန်းဆက်ပြီးတာနဲ့ ​စောင့်နေလိုက်တယ် ။ ဒီတစ်ခါတော့အဲ့ဒီလူကို သတ်ပစ်ရမယ် ။ အဲ့ဒီအခါကျမှ ရှောင်ကျန့်ရဲ့ဘဝလေးက လွတ်လပ်သွားမှာ ။ ဝုန်းကနည်းပွင့်သွားတဲ့တံခါးသံနဲ့အတူ သူ့လက်မောင်းထဲကို ​ဖောက်ဝင်လာတဲ့ ကျည်တစ်ထောင့် ။ ကျစ်!! သတင်းပေါက်ကြားသွားပြီ ။

" ဟယ်ရီ မင်းကငယ်ပါသေးတယ်ကွာ ။ မင်း ဂျပန်မှာရှိနေတာကို ငါမသိဘူးများထင်​နေတာလား ?''

" ဒါဆို ခင်များက ? ''

" ဟုတ်တာပေါ့ ငါက မင်းကို အချိန်ပြည့်စောင့်ကြည့်နေတာလေ ။ မင်းက ငါရဲ့ကလေးလေးစီဖုန်းဆက်ပြီး အကြောင်းကြားမဲ့အချိန်ထိပေါ့ ။ ''

" ​ရှောင်ကျန့်က ခင်များနဲ့ဘာမှမဆိုင်တော့ဘူး ။ ခင်များ သူမိဘတွေနဲ သူ့ရဲ့ဂိုဏ်းတစ်ခုလုံးကို သတ်ပစ်ပြီးသွားပြီ ။ ''

" ဆိုင်တာ ၊ မဆိုင်တာက ငါ့လက်ထဲမှာပဲရှိတယ် ။ ငါလိုချင်တာကို ငါရအောင်ယူမယ် ။ ကလေးက အပြင်မှာအပျော်ရှာနေတာကြာပြီလေ ။ သူ့ကိုအိမ်ပြန်ခေါ်သင့်ပြီ ။ ''

ဟယ်ရီက ​ဒေါ်သထွက်လွန်းလို့ အဲ့ဒီလူယုတ်မာရဲ့မျက်နှာကို တံတွေးနဲ့ထွေးလိုက်တယ် ။ ဒီလူကို အစိမ်းလိုက်ဝါးစားချင်လို့ သေတော့မယ် ။

" မင်းက သတ္တိတွေသိပ်ရှိနေတယ်ပေါ့!! ။ ငါ မင်းကို မသတ်ရဲဘူးများထင်နေလား ? ။ မင်းကိုသတ်လိုက်ရင် ကလေးကိုပြန်မရတော့မှာဆိုးလို့ ဒီအချိန်အထိသည်းခံလာတာ ။ ''

" ဒါဆိုလည်းသတ်လိုက်လေ ။ အပိုစကားတွေပြောမနေနဲ့ ။''

" အဟက်! သတ်ဖို့ကလွယ်လွန်းတယ် ။ မင်းကိုဖမ်းပြီး ခြိမ်းခြောက်လို့ရတယ်မလား ? ''

" ခင်များရဲ့ရည်ရွယ်ချက်တွေ လုံးဝမဖြစ်မြှောက်စေရဘူး ။ ''

" ​စောင့်ကြည့်လေ ။ ''

ကလေးလေး မင်း ကိုယ်စီပြန်လာဖို့ အချိန်တန်ပြီနော် ။ ရီချောင်က လည်ပင်းမှာဆွဲထားတဲ့ ဆွဲသီးလေးထဲက ချစ်ဖို့ကောင်းလွန်းတဲ့ ကလေးငယ်လေးရဲ့ဓာတ်ပုံကိုကြည့်ကာ အသံတိတ်ရေရွတ်လိုက်တယ် ။ ကိုယ် မင်းကိုသတ်မပစ်တဲ့အတွက် ​နောင်တမရဘူး ။ ဘာလို့ဆို ကိုယ် မင်းကိုသိပ်ချစ်လို့ ။ မင်းအဖေကတော့ သေသင့်တဲ့လူပဲ ။

Love You The Most In The World [ Completed ] Where stories live. Discover now