part. 16

17.5K 1.6K 13
                                    

ရီချောင်က ပြတင်းပေါက်ကနေခုန်ချဖို့ ကြိုးစားနေတဲ့ရှောင်ကျန့်ကို ခါးကနေဆွဲယူလို့ ​မွေ့ယာထက်ပစ်ချလိုက်တယ် ။ ရှောင်ကျန့်ကလည်း ရီချောင်ရဲ့လက်မောင်းကို ဘောပင်နဲ့ထိုးပစ်တယ် ။

" ကလေးက ကိုယ့်ကို ​သွေးထွက်အောင်တောင် လုပ်ရက်နေပြီပဲ ။ ''

" ဒီထက်ပိုလုပ်ပြမယ် ။ ရှေ့လျောက် ခင်များနာအောင် အမျိုးမျိုးလုပ်ပစ်မယ် ။ ကျွန်တော်အသက်ရှင်နေသ၍ ခင်များဘယ်တော့မှ စိတ်သက်သာသာမနေစေရဘူး ။ ''

" ရှောင်ကျန့်လေး ကိုယ် မင်းကို အကြမ်းဖက်မိအောင်မလုပ်နဲ့ ။ ကိုယ့်ထက် အသက်ငါးနှစ်ငယ်တဲ့ကလေးကို နိုင်မကျင့်ချင်ဘူး ။ ''

".........''

" ဒါတွေအားလုံးက မင်းအဖေရဲ့အပြစ်တွေပဲ ။ မင်းအဖေသာ ကိုယ့်ရဲ့မိသားစုကိုမသတ်ခဲ့ရင် ကိုယ်လည်း အခုလိုလုပ်ဖို့မလိုအပ်ဘူး ။ ''

" အဲ့ဒီတော့ခင်များက ကျွန်တော့်အဖေကိုမုန်းလို့ အခုလိုသတ်ဖြတ်ခဲ့တယ်မလား ။ ကျွန်တော်ကလည်း ခင်များကိုပြန်မမုန်းသင့်ဘူးလား ။ ''

" ကျန်းကျန်း ကိုယ်ကလေးကို သတိပေးထားမယ်နော် ။ ကိုယ်သည်းမခံနိုင်တဲ့ အပြုအမူတွေလုပ်လာရင် ကလေးနောင်တရစေရမယ် ။ ''

ရှောင်ကျန့်က သူ့ကိုခြိမ်းခြောက်ပြီး အခန်းထဲကထွက်သွားတဲ့လူကြောင့် စိတ်တိုကာသောင်းကြမ်းနေမိတယ် ။ ပြတင်းပေါက်တွေကိုလည်း အသေရိုက်ပိတ်လိုက်တာမို့ ထွက်ပြေးလို့မရတော့ ။ သူ့ဘဝက ရီချောင်ရဲ့လက်ထဲမှာပဲ သေဆိုသေ ၊ ရှင်ဆိုရှင်ဖြစ်ခဲ့ရတယ် ။ အိမ်ထဲကနေအိမ်အပြင်ကို ခြေတစ်လှမ်းတောင်ထွက်လို့မရ ။

အိမ်ထဲကထွက်ပြေးဖို့ ကြိုးစားခဲ့သေးတယ် ။ ကံမကောင်းစွာနဲ့ပြန်ဖမ်းမိသွားပြီး တစ်လလောက်အိပ်ခန်းထဲကပါ ထွက်လို့တောင်မရခဲ့ ။ ခြံထဲမှာလည်း လူတစ်ရပ်စာလောက်ရှိတဲ့ ခွေးကြီးတွေမွေးထားတာကြောင့် အရင်လိုသေချာတဲ့အစီအစဉ်မရှိပဲ ထွက်ပြေးဖို့မကြိုးစားတော့ ။

" ကိုယ် ကလေးကြိုက်တဲ့မုန့်တွေ ဝယ်လာခဲ့တယ် ။ ''

" အဆိပ်ခတ်ထားလို့ ​သေနေအုံးမယ် ။ ''

Love You The Most In The World [ Completed ] Donde viven las historias. Descúbrelo ahora