part. 11

17.1K 1.7K 13
                                    

ဝမ်ရီပေါ်က သော့ခတ်ထားတဲ့ အိမ်ကြီးကိုပြန်လာတော့ တိတ်ဆိတ်နေတဲ့ ပတ်ဝန်းကျင်ကြောင့် ​သော့ဖြုတ်ပြီးအထဲဝင်လာခဲ့တယ် ။ အလင်းရောင်တွေမနှစ်သက်တဲ့ ​ရှောင်ကျန့်က မီးတွေကို လင်းထိန်နေအောင်ထွန်းထားတာပဲ ။

ဒါတွေက ​ရှောင်ကျန့်ရဲ့အတိတ်တွေနဲ့ ဆက်စပ်နေမှန်း တဖြည်းဖြည်းနားလည်လာတယ် ။ ရှောင်ကျန့်ရဲ့ဘဝအကြောင်းကို ပိုသိချင်လာတဲ့အတွက် ခြေလှမ်းတွေကို ​ရှောင်ကျန့်ရဲ့အခန်းစီ ဦးတည်လိုက်တယ် ။

အားငယ်စွာငိုရှိုက်နေတဲ့ အသံတွေက သူရဲ့နားထဲဝင်လာမို့ မယုံကြည်နိုင်ဖြစ်နေတယ် ။ ဒီအိမ်ကြီးထဲမှာ ​ရှောင်ကျန့်တစ်ယောက်တည်းရှိတာမဟုတ်ဘူးလား ? ။ ဒါဆိုဒီငိုရှိုက်သံတွေက ​ရှောင်ကျန့်စီကပေါ့ ။ ​ရှောင်ကျန့်က ငိုနေတာတဲ့လား ။ ဝမ်ရီပေါ်က အခန်းတံခါးကိုဖွင့်ပြီး အထဲဝင်သွားလိုက်တယ် ။ အဲ့ဒီ​နောက်ပုံမှန်နဲ့မတူတဲ့ ​ရှောင်ကျန့်ကိုတွေ့လိုက်တယ် ။

" ရှောင်.. ရှောင်ကျန့် ? ''

" ထွက်သွား!! "

" ကျွန်တော်ပါ  ဝမ်ရီပေါ်လေ ။''

" ဟင့်အင်း ! ငါ... ငါမသိဘူး ။ ကျေးဇူးပြုပြီး ထွက်သွားပေးပါ ။ ''

ဝမ်ရီပေါ်က ကြောက်လန့်နေတဲ့ ရှောင်ကျန့်ရဲ့ကိုယ်လေးကို ​ပွေ့ဖက်လိုက်တော့ ​အော်ဟစ်ရုန်းကန်လာတယ် ။

" ကျွန်တော်ရှိနေပြီ အဆင်ပြေသွားပါမှာ ။ မကြောက်နဲ့တော့နော် ''

" ငါ့ကိုလွှတ်!! ငါ့ကိုလွှတ်ပေးလို့! အဟင့်! ''

ဝမ်ရီပေါ်က ရှောင်ကျန့်ကို တင်းတင်းကြပ်ကြပ်ပွေ့ဖက်ထားလိုက်တယ် ။ ​ရှောင်ကျန့်ကို ဒီလိုမျိုးအမြဲဖက်ထားချင်တယ် ။ တစ်သက်လုံး ရှောင်ကျန့်နဲ့အတူရှိနေချင်တယ် ။

ကျွန်တော့်အသက်နဲ့ရင်းပြီး ကာကွယ်ပေးမှာမို့ စိတ်ပူစရာမလိုတော့ဘူးနော် ။ ဒါပေမဲ့တခြားတစ်ယောက်နဲ့တော့ မနေပြပါနဲ့ ။ ကျွန်တော်လောဘတွေကြီးလာပြီး ခင်များကိုသိမ်းပိုက်မိလိမ့်မယ် ။

သူ့ရင်ခွင်ထဲမှာအိပ်ပျော်သွားတဲ့ ​ရှောင်ကျန့် ။ သူရဲ့ခါးတွေကိုလည်း တင်းကြပ်စွာဖက်တွယ်ထားတယ် ။ အမြဲတမ်းတင်းမာနေတဲ့မျက်နှာလေးက အခုတော့မျက်ရည်တွေနဲ့ ။ ဝမ်ရီပေါ်က ရှောင်ကျန့်ရဲ့မျက်နှာပေါ်က မျက်ရည်လေးတွေကို သုတ်ပေးနေတယ် ။

Love You The Most In The World [ Completed ] Where stories live. Discover now