part. 8

18.3K 1.8K 13
                                    

ဝမ်ရီပေါ်က ရှောင်ကျန့်နောက်ကနေ တိတ်တိတ်​လေးလိုက်လာခဲ့တယ် ။ သူ့ကိုကြည့်ပြီးပြုံးလိုက်တဲ့ ရှောင်ကျန့်ရဲ့အပြုံးကြောင့် သူ့အတွက်ကောင်းတာမဟုတ်မှန်းလည်း တစ်ချိန်တည်းသိလိုက်တယ် ။ သူရဲ့မသိစိတ်တစ်နေရာက ရှောင်ကျန့်တစ်ခုခုဖြစ်တော့မယ်လို့ ခံစားနေရတာကြောင့် ရင်တွေလည်းပူလာတယ် ။

ရှောင်ကျန့်ခေါ်လာတဲ့နေရာကိုရောက်တော့ ရိုက်နှက်ခံထားရတဲ့ ​ယောက်ျားတစ်ယောက်နဲ့ ကိုယ်ဝန်ဆောင်မိန်းမတစ်ယောက်ကို တွေ့လိုက်တယ် ။ ​ရှောင်ကျန့်ကို ပြန်ကြည့်လိုက်တော့ သတ်ဖြတ်ချင်တဲ့ပုံရိပ်တွေထင်းလို့ ။ ကိုယ်ဝန်သည်ကို သတ်ရလောက်တဲ့အထိတော့ ရှောင်ကျန့်က မရက်စက်ဘူးမလား ? ။

" ငါ မင်းကိုအခွင့်အရေးပေးမယ် ဝမ်ရီပေါ် ။ သူတို့ကိုသတ်လိုက် ။ ''

"........''

သူ့ကို ​သေနတ်ကမ်းပေးလာတဲ့ ​ရှောင်ကျန့် ။ ရှောင်ကျန့်က သူထင်ထားတာထက် အများကြီးပိုရက်စက်နေခဲ့တာပဲ ။ ဘာလို့များရှောင်ကျန့်ကို အများကြီးသဘောကျမိသွားရတာလဲ ? ။ တကယ်နားမလည်ဘူး ။

ယောက်ျားဖြစ်သူက သူ့မိန်းမကိုလွှတ်ပေးဖို့တောင်းပန်နေပြီး မိန်းမဖြစ်သူကတော့ ​မျှော်လင့်ချက်မရှိတော့တဲ့ မျက်လုံးတွေနဲ့ အသံတိတ်နေတယ် ။ ​ရှောင်ကျန့်ကိုခိုးခိုးကြည့်နေတဲ့ အဲ့ဒီမိန်းမရဲ့မျက်လုံးတွေက အတိတ်ကိုလွမ်းဆွတ်နေသလိုပဲ ။ ရှောင်ကျန့်နဲ့ဘယ်လိုပတ်သတ်နေတာလဲ? ။

" ဝမ်ရီပေါ် မင်းကိုပြောနေတာ မကြားဘူးလား? ။ ''

".........''

" ဒါလေးတောင်မလုပ်နိုင်ပဲနဲ့ ချူယွမ်လိုဖြစ်ချင်နေတယ်ပေါ့ ။ ''

" ကျွန်တော်... ''

" ချူယွမ်ခြေဖျားတောင် မမှီတဲ့ကောင်ကများ ငါ့ကိုယုံကြည်ပေးတဲ့ ။ အဟက်! ဟာသတွေသိပ်ပြောတက်တာပဲ ။ ''

"........''

ရှောင်ကျန့်က သူ့ကို တစ်ခြားတစ်ယောက်နဲ့ နှိုင်းပြီးပြောတာကို လုံးဝမနှစ်သက်ဘူး ။ သူက ချူးရန်ကို ဘာလို့မမှီနိုင်ရမှာလဲ? ။ ကိုယ်ဝန်ရှိနေတာမို့ မသတ်ချင်တာလေးတစ်ခုပဲလေ ။

Love You The Most In The World [ Completed ] Where stories live. Discover now