part. 2

26.2K 2.3K 26
                                    

" ဟက် ! မင်းလိုဘာမှမဟုတ်တဲ့ ကောင်လေးတစ်ယောက်ကများ ငါ့ကို ပြောရဲဆိုရဲနေတယ်ပေါ့ ''

ရှောင်ကျန့်က အဲ့ဒီ​ကောင်လေးရဲ့ပါးကို ခပ်ပြင်းပြင်းရိုက်ချလိုက်သည် ။ သူရဲ့လက်ဝါးရာက ပါးနုနုလေးပေါ်မှာအထင်သား ။ ရိုက်ချက်ဘယ်လောက်ပြင်းလဲဆိုရင်တော့ ပါးစပ်ထဲကနေ ​သွေးတွေထွက်လာတဲ့အထိပဲ ။

" အဲ့တာကငါ့အမိန့်မရပဲ ငါ့ကိုမျက်လုံးချင်းဆုံအောင်ကြည့်လို့ မင်းအတွက်ပြစ်ဒဏ်ပဲ ''

"..........''

" ဘယ်လိုလဲသိပ်နာနေလား ? မင်းဒီထက်ပိုပြီး အများကြီးတွေ့ရအုံးမှာ အားမွေးထား ''

ချူယွမ်က ကောင်လေးကိုသနားလာတာမို့ ကိုယ်စားတောင်းပန်ပေးဖို့ပြင်နေတုန်းက သခင်လေးကရပ်လိုက်တဲ့အတွက် စိတ်အေးသွားရတယ် ။ အနည်းဆုံးတော့ သခင်လေးအရမ်းစိတ်မဆိုးသေးဘူးပဲ ။

" မနာဘူး ''

" ဘာ ! ''

" ခင်များရိုက်ချက်က မနာဘူးလို့ ''

" အဟက်! ငါက မင်းကို ဒီနေ့တစ်ရက်လွှတ်ပေးဖို့ ကြံထားပေမဲ့ မင်းက အဲ့တာကိုဖျက်စီးလိုက်တာပဲ ။ ချုယွမ် သားရဲတွင်းကို အဆင်သင့်ပြင်ထား ''

" သခင်လေး !!! "

" ငါပြောတာကို စောက်ဂရုမစိုက်ချင်တာလား ? ''

" မဟုတ်ပါဘူး ။ ကျွန်တော်သွားပြင်ထားလိုက်ပါမယ် ။ ''

ချူယွမ်က သူ့ကို သခင်လေးစိတ်ကွက်သွားမှာ နည်းနည်းလေးတောင်မလိုချင်ဘူး ။ အဲ့ဒါကြောင့် ကောင်လေးကိုသနားပေမဲ့လည်း မတက်နိုင် ။ သခင်လေးရဲ့အမှားမဟုတ်ဘူး ။ အဲ့ဒီကောင်လေးက သခင်လေးစိတ်ဆိုးအောင်လုပ်ခဲ့တာလေ ။

ရှောင်ကျန့်က သူ့ရှေ့ကကောင်လေးကို ​သေချာစိုက်ကြည့်ပြီးအကဲခတ်နေလိုက်တယ် ။ ရုပ်ရည်ကတော့ မဆိုးဘူးလို့ပြောလို့ရတယ် ။ တော်တော်လေးစွဲဆောင်မှု့ရှိတယ် ။ အထူးသဖြင့်မျက်လုံးတွေပဲ ။ အဲ့ဒီမျက်လုံးတွေက လူတွေရဲ့စိတ်ကိုထိတ်လန့်အောင် လုပ်နိုင်စွမ်းရှိတယ် ။

ချူယွမ်ပြန်ရောက်လာတဲ့အချိန်မှာတော့ ရှောင်ကျန့်မျက်နှာပေါ်မှာ ​ကျေနပ်တဲ့အပြုံးလေးတွေ ဖြစ်​ပေါ်လာတယ် ။

Love You The Most In The World [ Completed ] Donde viven las historias. Descúbrelo ahora