part. 19

18.5K 1.8K 27
                                    

ရှောင်ကျန့်က ညီမဖြစ်သူပေးလိုက်တဲ့ စက်သေးသေးလေးကို နားထောင်ဖို့ပြင်နေတုန်း အခန်းထဲရောက်လာတဲ့ ရီချောင်ကြောင့်ပြန်ဖွက်လိုက်တယ် ။

" ကလေး မင်းရဲ့ညီမလေးနဲ့တွေ့တော့ ဘယ်လိုနေလဲ ? အဆင်ပြေလား ? ''

" ပြေလား ၊ မပြေဘူးလားဆိုတာ ခင်များကမသိဘူးပေါ့ ? အဟက်! ယုံရမှာလားဒီစကားကို ။''

" ကလေးက စကားတွေတောင်တက်လာပြီပဲ ။ ကိုယ့်မှာဝိုင်ရှိတယ် ။ သောက်မလား ?။ ''

"..........''

" ကိုယ်အဆိပ်မခတ်ထားဘူး ။ ''

ရှောင်ကျန့်က စကားမပြောချင်တာကြောင့် ဖန်ခွက်ထဲကဝိုင်တွေကို အကုန်မော့ချလိုက်တယ် ။ အဲ့ဒီ​နောက် နောက်ကနည်းဖြစ်သွားတဲ့ ခေါင်းနဲ့အတူ အမှောင်ကမ္ဘာထဲ ​ခေတ္တဝင်ရောက်သွားတယ် ။ ရီချောင်က သတိလစ်သွားတဲ့ ​ရှောင်ကျန့်ကိုပွေ့ချီလို့ သူရဲ့ကုတင်ပေါ်တင်ပေးလိုက်တယ် ။

ပါးနုနုလေးတွေကို လက်ချောင်းတွေနဲ့ပွတ်သပ်လိုက်ပြီး နှုတ်ခမ်းပါးနုနုလေးတွေကို နမ်းလိုက်တယ် ။ အဲ့ဒီနောက် စက်သေးသေးလေးကိုယူပြီး တဖက်ကလူကိုစကားပြန်ပြောကာ ဖျက်စီးလိုက်တယ် ။ ကလေးရဲ့လက်တွေကို လက်ထိပ်နဲ့ခတ်ခဲ့ပြီး အရေးတကြီးလာခေါ်တဲ့ သူ့လူနောက်လိုက်သွားတယ် ။

သူတို့ရဲ့ပစ္စည်းကို တခြားတစ်ယောက်က ထပ်ဖြတ်ခုတ်သွားပြန်ပြီတဲ့လေ ။ ဒီတစ်ခါလည်း အရင်လူတွေပဲဖြစ်နေတာမို့ သည်းမခံနိုင်တော့ ။ အရင်တစ်ခေါက်တည်းက အဲ့ဒီလူတွေအကြောင်းကိုစုံစမ်းခဲ့ပေမဲ့ တိကျတဲ့အချက်အလက်တွေမရတာမို့ ဘာမှမလုပ်နိုင်ခဲ့ဘူး ။ ဒီတစ်ခါတော့ 'ရီ'ဆိုတဲ့လူကို အမိဖမ်းရမယ် ။

ဟယ်ရီက သူ့ကားထဲမှာအေးဆေးထိုင်နေတဲ့ မိန်းကလေးကိုကြည့်နေတယ် ။ ငယ်ရုပ်မပျောက်သေးတာကလွဲရင် ကျန်တာတွေအားလုံး အကုန်ပြောင်းလဲသွားတဲ့သူမ ။ မျက်လုံးတွေကစူးရှနေပြီး လူသတ်ချင်တဲ့စိတ်တွေက သူမဘေးနားမှာတောင် ဖြာထွက်နေသလိုပဲ ။ သူမကတော့ သူ့ကိုလျစ်လျူရှုလို့ လက်ထဲကအချွန်နဲ့ ဆော့ကစားနေတယ်။

" ကိုကိုက ဒီကြားထဲဘာတွေဖြစ်ခဲ့လဲဆိုတာ ညီမကိုပြောပြလို့ရမလား ? ''

Love You The Most In The World [ Completed ] Tempat cerita menjadi hidup. Temukan sekarang