Zawgyi
ရှောင်းကျန့်တစ်ယောက် မီးဖိုချောင် ထဲဝင်ကာ....ရေခဲသေတ္တာ ဖွင့်လိုက်တော့....အထပ်ပြည့် ရှိနေတဲ့ အစားအစာ များနဲ့ ဟင်းသီးဟင်းရွက်များ.....
"ဒီလောက်များနေတော့လည်း ဘာချက်ရမလဲ....တော်ပါပြီ ခေါက်ဆွဲပြုတ် ပဲလုပ်တော့မယ်...."
ရှောင်းကျန့်တစ်ယောက် ခေါက်ဆွဲပြုတ်ရန်သာ ပြင်ဆင်လိုက်လေသည်...ခေါက်ဆွဲပြုတ်တာတော့ ကျန့်ကျန့် ကျွမ်းသည်...USမှာနေတုန်းက ခဏခဏပြုတ်စားဖြစ်သောကြောင့်ပင်.....
မနက်စာ ပြင်ဆင်ခြင်း ပြီးတာနဲ့ ကျန့်ကျန့် အပေါ်ထပ်သို့ ရီပေါ်ကို သွားခေါ်ရန် သွားခဲ့သည်....
"ဒေါက်...ဒေါက်...!"
"ရီပေါ် မနက်စာ ပြင်ပြီးပြီ စားလို့ရပြီ...အာ့တာ လာပြောတာ.."
"သိပြီ...သွားတော့.."
တံခါးတောင် မဖွင့်ပေးဘဲ အခန်းအတွင်းမှသာ လှမ်းပြောသောကြောင့် ကျန့်ကျန့် နှာခေါင်းရှုံ့  လိုက်ပြီး...
"Aww...အင်းအင်း.."
ကျန့်ကျန့် ရေချိုးခန်း ထဲ ၀င်ပြီး ရေချိုးရန်သာ ဆုံးဖြတ်လိုက်တော့သည်....ရီပေါ် ဆိုတဲ့လူဆိုးကောင်ကို ကြည့်မရပေမဲ့ သူ့ကို ဒီလို ပိတ်ထားတာတော့ အရမ်းကြီး မုန်းမိတာတော့ မဟုတ်ပေ....မဟုတ်လဲ ရန်ကုန်ပြန်လာဖြစ်ရင်တောင် ပါးပါး တို့ အိမ်မှာ မနေဖို့ ဆုံးဖြတ်ပြီးသားမို့ပင်...ဒါပေမဲ့ ရီပေါ် ဘာကြောင့် သူ့ကို ဒီလို လုပ်လဲ အခုထိ အဖြေရှာမရသေးပေ.......
ရီပေါ်လဲ ရေမိုးချိုး ပြင်ဆင်ပြီးတာနဲ့ မနက်စားစားရင် အောက်ထပ်သို့ ဆင်းလာခဲ့သည်....
စားပွဲပေါ်မှာ တွေ့လိုက်ရသည်က ခေါက်ဆွဲပြုတ် သံပုရာရည် နဲ့ ကိတ်မုန့် အနည်းငယ်....
"တောက်! ဘယ်လို စဉ်းစားပြီး ဒီလို လိုက်ဖက်တဲ့ မနက်စာမျိုး ပြင်ဆင်တာပါလိမ့်.."
YOU ARE READING
အမုန်းမြို့သို့ လက်တစ်ကမ်းအလို 💗
Fanfictionမင်းက ငါ့ရဲ့ ကျွန်ခွေး အဆင့်ပဲ Xiao Zhan.... #Wang Yi Bo# မင်းရဲ့ခွင့်လွှတ်မှု့ ရမယ်ဆိုရင် ငါ့ကိုယ်ငါ စတေးရလဲ ဖြစ်တယ်.... #Xiao Zhan# (For both Zawgyi and Unicode)