Zawgyi
ဆောင်းရာသီရောက်လာသည့်အတွက် တစ်ဖြည်းဖြည်းနဲ့ အအေးဓာတ်က ပိုပို၍ တိုးလာသည် အဲကွန်း လျော့ထားပြီး စောင်ထူထူခြုံထားတာတောင် ထင်သလောက် အနွေးဓာတ် မပေးနိုင်ခြေ....
ရိပေါ်လဲ ပိုမိုချမ်းလာ၍ အနွေးထည်ဝတ်ရန် ကုတင်ပေါ်မှ အသာဆင်းကာ ဗီရိုတံခါးကို ဖွင့်လိုက်ပြီး အနွေးထည် တစ်ထည်ကို ကောက်ယူ ၀တ်လိုက်လေသည်....ထို့နောက် အိပ်မပျော်တော့သည်နှင့် အောက်ထပ်သို့ဆင်းလာပြီး ရေခဲသေတ္တာကို ဖွင့်လိုက်ကာ ကော်ဖီထုပ်ယူလိုက်ပြီး ကော်ဖီနွေးနွေးလေး တစ်ခွက် ဖျော်လိုက်သည်....
ထို့နောက် အခန်းထဲသို့ ပြန်လည် ၀င်လာပြီး လက်တစ်ဖက်က ကော်ဖီခွက်ကို ကိုင်ကာ လက်တစ်ဖက်က ပြင်ပ၀န်းကျင်ကို ဖုံးကာထားသောလိုက်ကာစ ကို အသာဆွဲဖွင့်လိုက်ပြီး မပြည့်တစ်ပြည့် လမင်းကြီးကိုကြည့်ကာ ကော်ဖီခွက်ကို အသာငုံသောက်လိုက်သည် လမင်းကြီးကို တော်တော် ကြာ ငေးမော ကြည့်ရှုနေပြီး လိုက်ကာစ ကို ပြန်လည်ပိတ်ရင်း ခြံထဲသို့ တစ်ချက်ဝေ့ကြည့်လိုက်တော့ အတန်ငယ် တိတ်ဆိတ်မှောင်မိုက်နေသော ဂိုဒေါင်ငယ်လေးတစ်ခု.....
အတွေးထဲသို့ မလိုက်မသိ ၀င်လာတာက...
'အပြင်မှာ ဒီလောက်အေးနေတာ သူတော်တော် ချမ်းနေမလား...ဟာကွာ ဘာလို့ သူ့အကြောင်း တွေးမိနေပါလိမ့် သေလဲ အေးတာပဲကို..´ခေါင်းထဲက သူ့အကြောင်း အတွေးတွေကို အမြစ်ပါမကျန် ဖယ်ထုတ်လိုက်ပြီး ကုတင်ပေါ်သို့တက်ကာ ပြန်အိပ်ပျော်သွားအောင် အသာမှေးနေလိုက်တော့သည်....
တစ်ဖက်ကဂိုဒေါင်ထဲတွင်လည်း....
"ဟင်း...ပါး..."
အုတ်ကြမ်းပြင်ပေါ် အကာအကွယ် မပါဘဲ အိပ်နေသော ကောင်လေးတစ်ယောက် ဒူးတို့ကို ရင်ဘတ်နားထိ ကွေးထားကာ လက်နှစ်ဖက်ကို အချင်းချင်း လက်ပိုက်ထားသည့်နှယ် ပူးကပ်ထားသောပြီး မျက်လုံးအစုံတို့ကို မှိတ်လျက် အအေးဒဏ်ကို ငြီးငြူ နေသော ကောင်လေး......
YOU ARE READING
အမုန်းမြို့သို့ လက်တစ်ကမ်းအလို 💗
Fanfictionမင်းက ငါ့ရဲ့ ကျွန်ခွေး အဆင့်ပဲ Xiao Zhan.... #Wang Yi Bo# မင်းရဲ့ခွင့်လွှတ်မှု့ ရမယ်ဆိုရင် ငါ့ကိုယ်ငါ စတေးရလဲ ဖြစ်တယ်.... #Xiao Zhan# (For both Zawgyi and Unicode)