Part <11>

10.6K 571 41
                                    

Zawgyi

တစ်​လခန့်​ကြာပြီး​နောက်​....

ရိ​ပေါ် ​ရှောင်း​ကျန့်​ကို အရမ်းရက်​ရက်​စက်​စက်​ကြီး မနှိပ်​စက်​​သော်​လည်း ထိုက်​တန့်​သ​လောက်​​တော့ ခိုင်းသည်​ မနက်​ ၅ နာရီဆို ထခိုင်းပြီး ​နေ့တိုင်းသန့်​ရှင်း​ရေးလုပ်​ခိုင်း ခြံအလုပ်​တွေ လုပ်​ခိုင်းနဲ့ ​မလိုက်​နာလျှင်​ သို့မဟုတ်​ အမှား တစ်​ခုခုလုပ်​ရင်​ ကြိမ်​လုံးနဲ့ရိုက်​တာ..... သစ်​ပင်​မှာ တစ်​ညလုံး ကြိုး နဲ့ချည်​ထားတာ ​.....ရေထဲသို့ ​ခေါင်းနစ်​ပြီး အပြစ်​​ပေးတာ စသည်​တို့ ​လုပ်​​လေ့ရှိသည်​ သို့​သော်​ ​ရှောင်းကျန့်​က​တော့ တစ်​ခါတစ်​​လေ အာခံသည်​ဆို​သော်​ငြားလည်း သူအပြစ်​​ပေးတိုင်း အပြုံးနုနု​လေးဖြင့်​ ​ကျေ​ကျေနပ်​နပ်​ခံယူ​ပေသည်​...........တကယ့်​ကို နားလည်​ရ ခက်​တဲ့ဟာ​လေး ဟုသာ ၀မ်​ရိ​ပေါ် ​ကောက်​ချက်​ ချမိ​တော့သည်​...

ဒီ​နေ့ ၀မ်​ရိ​ပေါ် Company သွားရမဲ့ ​နေ့ဖြစ်​သည်​ ​ရှောင်းကျန့်​​ကြောင့်​ တစ်​လ​လောက်​ နားထားပြီး မန်​​နေဂျာကို အလုပ်​​တွေ လွှဲ​ပေးထား​သော်​လည်း မိမိ companyဖြစ်​တဲ့အတွက်​ မိမိကိုယိတိုင်​ ဦး​ဆောင်​အုပ်​ချုပ်​မှ ဖြစ်​​ပေမည်​....

မီးဖို​ချောင်​ ၌ ​ရှောင်းကျန့်​ပြင်​​ပေးထားတဲ့ ဒင်​ဆမ်း နဲ့ နို့ချဉ်​ကို စား​သောက်​ပြီး​နောက်​ မိမိ​ဘေးမှာ ပြုံးစိစိနဲ့ ယပ်​ခတ်​ ​ပေး​နေတဲ့ ​ရှောင်းကျန့်​ဘက်​ကို လှည့်​လိုက်​ပြီး....

"ငါ ဒီ​နေ့ Company သွားစရာရှိတယ်​ အိမ်​မှာ​အေး​ဆေး​နေ ဟိုဟိုဒီဒီ ထွက်​​ပြေးမယ်​မကြံနဲ့ ခြံတံခါးလဲ ​သော့ခတ်​ခဲ့မှာ..."

"​ကောင်းပါပြီ သခင်​​လေး..."

"အင်း..."
မိမိဘက်​က အသံမာမာနှင့်​ ​ပြော​သော်​လည်း ​ရှောင်းကျန့်​ဘက်​က အသံချိုချိုနဲ့ မျက်​နှာကြီး ပြုံး​နေကာ ​ကောင်း​ကောင်း​နာခံ​သော​ကြောင့်​ ၀မ်​ရိ​ပေါ် အင်း တစ်​လုံးသာ ပြန်​​ဖြေလိုက်​သည်​...

ထို့ေ​နာက် ရိ​ပေါ် ​ရှောင်းကျန့်​စီး​ပေးတဲ့ ဖိနပ်​ကို လျှိုလိုက်​ပြီး ခြံအပြင်​သို့ ထွက်​သွား​လေ​တော့သည်​.....

အမုန်းမြို့သို့ လက်​တစ်​ကမ်းအလို 💗Where stories live. Discover now