Zawgyi
အချိန်အားဖြင့် ည ၉ နာရီ....
"အ! ကျွတ် ကျွတ်..."
အနည်းငယ် နာကျင်နေသေးသော လည်ပင်းကို အသာအယာပွတ်လိုက်ပြီး ည ည်းညူ မှု့နဲ့ဘေးဘီ ဝေ့ကြည့်လိုက်သည်....တိတ်ဆိတ်နေသော ထိုနေရာလေးက သူ့အတွက် အကျဉ်းတန်လှပါသည်
မီးသီး ၀ါဝါလေးကလဲ ဖျော့တော့စွာဖြင့် ကောင်းကောင်းအလင်းရောင်မပေးနိုင်...
"အား...ယား....ဗိုက်ဆာလိုက်တာ..."
တဂွီဂွီမြည်နေပြီး အစားစားရန် အချက်ပြနေတဲ့ ဗိုက်လေးကိုသာ အသာပွတ်ပြီး အုတ်ကြမ်းပြင်ပေါ်သာ လှဲအိပ်နေလိုက်တော့သည်...
တစ်ဖက်မှာ အစာဆာလွန်းလို့ ည ည်းညူ နေတဲ့ကောင်လေးတစ်ယောက်ရှိသလို တစ်ဖက်မှာက အကောင်းဆုံးသော အစားအစာ တွေရနိုင်တဲ့ စားသောက်ဆိုင်မှာ ရှိနေတဲ့ ကောင်လေးတစ်ယောက်...
ရိပေါ် အစားစားနေရင်း ရုတ်တရက် သတိရလိုက်မိတာက...
'ရှောင်းကျန့် မနေ့ကရော ဒီနေ့တစ်နေ့လုံးရော အစာကောင်းကောင်း မစားရသေးဘူး ဆာနေလား မသိဘူး...ကျစ် ဘာဖြစ်ဖြစ် ကွာ..ငါက ဘာကို ဂရုစိုက်နေရမှာလဲ...'"ကိုကို စားလို့ ပြီးပြီဆို သွားမယ်လေ ဘယ်ရီ ပိုက်ဆံရှင်းလိုက်တော့မယ်နော်..."
"အင်း...."
အင်း တစ်လုံးသာ ပြန်ဖြေပြီး စိတ်နဲ့လူနဲ့ မကပ်တဲ့ ကိုကို့ပုံစံကြောင့် ဘယ်ရီ ပိုက်ဆံရှင်းဖို့ ပြင်လိုက်သည်...
ကိုကိုရယ် ဘယ်ရီတစ်ယောက်လုံး ရှိနေတာတောင် ဘယ်တွေ စိတ်ရောက်နေတာလဲ...."ဟေ့ မောင်လေး ပိုက်ဆံရှင်းမယ်နော်.."
"ဟုတ် မမ အားလုံးပေါင်း 65000ပါဗျ"
"ရော့..."
"ဟုတ်...ကျွန်တော့်ကို ခွင့်ပြုပါအုံးဗျ..."
"နေဦး ဒီကျန်တဲ့ဟာတွေ ပါဆယ်ထုပ်ပေးလို့ ရလား..."
စားပွဲဝိုင်းက ဘေရှင်းပြီးတာနဲ့ ထွက်သွားတော့မည့် ၀ိတ်တာလေးကို လှမ်းမေးလိုက်သူက ၀မ်ရိပေါ်........
YOU ARE READING
အမုန်းမြို့သို့ လက်တစ်ကမ်းအလို 💗
Fanfictionမင်းက ငါ့ရဲ့ ကျွန်ခွေး အဆင့်ပဲ Xiao Zhan.... #Wang Yi Bo# မင်းရဲ့ခွင့်လွှတ်မှု့ ရမယ်ဆိုရင် ငါ့ကိုယ်ငါ စတေးရလဲ ဖြစ်တယ်.... #Xiao Zhan# (For both Zawgyi and Unicode)