Zawgyi
မနက် ၁၀ နာရီလောက်ကတည်းက နေ အခု နေ့လည် ၁ နာရီလောက်ထိ junction square တစ်လျှောက် လည်ပတ်သွားနေတဲ့ ရိပေါ် ရောက်ပြီးသားနေရာတွေ ပြန်ပြန်ရောက်လာလွန်းလို့ ဘယ်နှစ်ခေါက်မြှောက်မှန်းတောင် ရှောင်းကျန့်မသိတော့...
ဝမ်ရိပေါ်ဆိုတဲ့ သူ့မှာတော့ တစ်ယောက်တည်း ကိုယ်လူချောလုပ်ပြီး ခပ်ကျော့ကျော့ သွားနိုင်ပေမဲ့ ကိုယ့်မှာတော့ အထုပ်တွေ လက်နဲ့မဆန့် တစ်ပုံတစ်ပင်နဲ့.......ဒါပေမဲ့ အတွန့်မတက်ရဲ သူ့ဒေါသ က လူကြားထဲလဲ ထိန်းမှာ မဟုတ်မှန်း ကျွန်တော် တွေးကြည့်ရုံနဲ့ သိနိုင်သောကြောင့်ပင်.....
ဝမ်ရိပေါ် ဆိုတဲ့ ကျွန်တော်ကလဲ သူတစ်ပါးကို စိတ်ဒုက္ခ ပေးတဲ့ နေရာမှာ ထူးချွန်အောင်ကို တော်လွန်းနေတာ အခုလဲ သပ်သပ် အမြင်ကပ်လို့ တမင်တကာ အချိန်ဆွဲခြင်းပင် လက်နှစ်ဖက်တင် မက ပါးစပ်မှာပါ အထုပ်ကိုက်ထားတဲ့ အရမ်းမပူတဲ့ ရာသီမှာတောင် ချွေးတဒီးဒီး ကျနေတဲ့ သူ့ကို ကျွန်တော် သနားရမလား ထပ်ပြီး နှိပ်စက်ရမလား မသိတော့ အတွေးတို့ကို နယ်ချဲ့ကာ ဦးတည်လျှောက်မိတဲ့ ဆိုင်ထဲကို ၀င်လိုက်ပြီး.....
"အမ ကျွန်တော် မှာထားတာ ရပြီလား...."
"အော် မောင်လေးက Online ကနေတဆင့် မှာထားတဲ့ Wang Yi Boဆိုတဲ့တစ်ယောက်လား..."
"ဟုတ်ပါတယ်..."
"ပစ္စည်းက ရပြီမောင်လေး အမ သွားယူ ပေးမယ် ခဏထိုင်စောင့်ပေးပါဦး...."
ဝမ်ရိပေါ် ခေါင်းတစ်ချက်ငြိမ်ပြလိုက်ပြီး ဆိုဖာ တစ်ခုပေါ် ထိုင်ချလိုက်ပြီး မျက်လုံးအစုံကို ဝေ့၀ိုက်ကစားလိုက်ကာ....
"ထိုင်လေ ဘာလုပ်နေတာလဲ သစ်ကုလားအုတ် ၀င်စားတာလား မတ်မတ်ကြီး ရပ်နေတာက..."
"ဟို ၀မ်ရိ...အဲ သခင်လေးမှ မထိုင်ခိုင်းသေးတာ..."
"အဟက်! ရွဲ့တာလား ရိုသေတာလား မသိပေမဲ့ အခုထိုင် ငါအမိန့်ပေးတာ...."
YOU ARE READING
အမုန်းမြို့သို့ လက်တစ်ကမ်းအလို 💗
Fanfictionမင်းက ငါ့ရဲ့ ကျွန်ခွေး အဆင့်ပဲ Xiao Zhan.... #Wang Yi Bo# မင်းရဲ့ခွင့်လွှတ်မှု့ ရမယ်ဆိုရင် ငါ့ကိုယ်ငါ စတေးရလဲ ဖြစ်တယ်.... #Xiao Zhan# (For both Zawgyi and Unicode)