Zawgyi
အိမ်ရှေ့ရောက်ရောက်ခြင်း ၀မ်ရိပေါ် ကားကိုရပ်လိုက်တော့ ကော့တော့ ကော့တော့နဲ့ လူကိုမကြည့်ဘဲ ကားပေါ်ကဆင်းသွားတဲ့ ရှောင်းကျန့် အာ့တာ ဘာအထာလဲ လူကို မလေးစားတာလား ဒီယုန်စုတ်တော့ သေချင်နေပြီထင်တယ်....
"ဟွန့် သူများကို နှိပ်စက်ချင်တာနဲ့ ရည်းစားတွေတဲ့ ဒါသက်သက် အရှက်ခွဲတာ လူကြီးတွေရှေ့....သူ့အဖိုးနဲ့ အဖွားကလဲ တားရမှာ မဟုတ်လား ဘာတဲ့ မြေးလေး မှန်တယ် ထင်ရင် မြေးလေး ဆက်လုပ် မြေးလေး သဘောပဲတဲ့...."
"ဟေ့ ဘာတွေ ပွစိပွစိ ပြောနေတာလဲ..."
ဧည့်ခန်းထဲကို အော်ပြီးဝင်လာတဲ့ ၀မ်ရိပေါ်...ရိပေါ် အသံကျယ်ကျယ်နဲ့ ဆူလိုက်တာကြောင့် ရှောင်းကျန့် ကိုယ်ပါးစပ် ကိုယ် လက်နဲ့ အသံတိတ် ရိုက်လာပြီး...
"ဟမ်...ဘာ ဘားမှဟုတ်ဘူး...""အေး အခု မင်း ဟိုအခန်း ငါ့အခန်းရဲ့ တစ်ခန်းကျော်က အခန်းမှာ ပြန်နေလို့ရပြီ......ဟိုဂိုဒေါင် မနေရလို့ ပျော်မနေနဲ့အုံး မင်းကို အနီးကပ် နှိပ်စက်ချင်လို့ ငါစီစဉ်လိုက်တာ...."
"ကျေးဇူးကြီးမြတ်လှပါတယ် သခင်လေးဝမ်ရိပေါ်..."
လက်နှစ်ဖက်ကို စုပြီး ခါးကိုညွှန့်ကာ ကျေးဇူးတင်ကြောင်းကိုဟန်ဆောင်မူပိုကာ အသံကျယ်ကျယ်နဲ့ ပြောလိုက်သော ရှောင်းကျန့်.....သိတာပေါ့ ဒါသပ်သပ်ရွဲ့တယ်ဆိုတာ....
"အော် ဒါနဲ့ သခင်လေး ခိုင်းစရာ မရှိတော့ဘူးဆိုရင် သွားခွင့်ပြု ပါဦး..."
ပြောချင်ရာ ပြောပြီး ပြန်ဖြေတာကို မစောင့်ပဲ အိမ်ပေါ်တက်ရန် ခြေလှမ်း နေသော ရှောင်းကျန့်ကို....
"နေဦး.....""အမ် အင်း.....သခင်လေး ဘာပြောမလို့လဲ..."
"ခဏနေ ငါ့အခန်းထဲ လာခဲ့..."
"ဘယ်လို....."
ပြောချင်ရာ ပြောပြီး နောက်မလှည့်တမ်း တက်သွားတဲ့သူက ရိပေါ် ရှောင်းကျန့်ကတော့ မျက်ခုံးတစ်လှုပ်လှုပ် ပါးစပ်အဟောင်းသား ဖြင့်သာ နောက်မှာ ကျန်ခဲ့လေသည်....
YOU ARE READING
အမုန်းမြို့သို့ လက်တစ်ကမ်းအလို 💗
Fanfictionမင်းက ငါ့ရဲ့ ကျွန်ခွေး အဆင့်ပဲ Xiao Zhan.... #Wang Yi Bo# မင်းရဲ့ခွင့်လွှတ်မှု့ ရမယ်ဆိုရင် ငါ့ကိုယ်ငါ စတေးရလဲ ဖြစ်တယ်.... #Xiao Zhan# (For both Zawgyi and Unicode)