Part <7>

8.7K 574 13
                                    

Zawgyi

တိုက်​ကြီးကြီးတစ်​လုံးရဲ့ ဧည့်​ခန်းတစ်​ခုတွင်​...

"​တောက်​! မင်းတို့​တွေ ဘာမှ အသုံးမကျဘူး လူ တစ်​​ယောက်​ကို ​တောင်​မှ အဖြစ်​ရှိ​အောင်​ မရှာ​ပေးနိုင်​ဘူး ​အေး ရှာမ​တွေ့သ၍ ပိုက်​ဆံရမယ်​ မထင်​နဲ့ တစ်ပြားမှ မ​ပေးဘူး ​သွား​တော့..."

လူ​လေးငါး​ယောက်​​လောက်​ကို ​ပြောဆိုလွှတ်​ပြီး သား​ပျောက်​ရှာပုံ​တော်​လုပ်​​နေ​သော သူ​ဋ္ဌေးကြီး ​ရှောင်းလင်​....

ထိုစဉ်​ ရုတ်​တရက်​ ၀င်​လာ​သော အမည်​မသိ ဖုန်းနံပါတ်​ တစ်​လုံး​ကြောင့်​ ​ကောင်​ကိုင်​လိုက်​ပြီး....

"ဟယ်​လို..."

"ဟယ်​လို ပါး..."

"သား ​သား ကျန့်​ကျန့်​လား...ဘယ်​​တွေ​ရောက်​​နေတာလဲ သားရယ်​ ရှာလိုက်​ရတာ..."

"ပါးပါး သား​မေးစရာ ရှိလို့ အ​ရေးကြီးတယ်​ ပါးပါး အမှန်​တိုင်း​ဖြေပါ..."

ဦး​ရှောင်းလင်​ သူ့​မေးတာကို အ​ဖြေမ​ပေးဘဲ ထပ်​ဆင့်​​မေးလာ​သော​ကြောင့်​ ကျန့်​ကျန့်​ ​လေး​လေးနက်​နက်​​ တစ်​ခုခု ​မေးမယ်​မှန်း စိတ်​ထဲက ရိပ်​မိ​နေသည်​....

"ပါး အရင်​က လူသတ်​ဖူးလား..."

"ဟင်​...."

သားဖြစ်​သူ ​မေးလာ​သော ​မေးခွန်း​ကြောင့်​ ဦး​ရှောင်းလင်​တစ်​​ယောက် ​​ဖြေစရာ ​အ​ဖြေတို့ ဆွံအသွား​လေသည်​....သား ကျန့်​ကျန့်​ ဟိုအရင်​က အဖြစ်​အပျက်​​တွေ သိသွားလို့များလား....

"ပါး ကျွန်​​တော်​ ​မေး​နေတယ်​​လေ လူသတ်​ခဲ့ဘူးလားလို့်​ ပါး ​ကျေးဇူးပြုပြီး အမှန်​တိုင်း​ဖြေ​ပေးပါ ကျွန်​​တော့်​တစ်​ဘ၀လုံးနဲ့ တိုက်​ဆိုင်​​နေတာမို့..."

ဦး​ရှောင်းလင်​ တစ်​​ယောက်​ ဘာ​ပြောရမှန်းမသိ​ပေမဲ့ ဒီအ​ခြေအ​နေက သူ့သား ကျန့်​ကျန့်​​လေးအတွက်​ အ​ရေးကြီး​နေမှန်း ​ပြောစကား​များကို နား​ထောင်​ရုံနဲ့ သိနိုင်​သည်​...

"​တောင်းပန်​ပါတယ်​ သား​လေး...."

"ဒါ ဒါဆို တကယ်​ပဲ ပါး တကယ်​ပဲ လူသတ်​ခဲ့တာ​ပေါ့....ဟာဗျာ..."

အမုန်းမြို့သို့ လက်​တစ်​ကမ်းအလို 💗Where stories live. Discover now