Zawgyi
ကျွီ.....
ကားရပ်လိုက်တာနဲ့ အိမ်ထဲကနေ ဘယ်ရီ အမြန်ပြေးထွက်လာပြီး.....
"ကိုကိုရာ ကြာလိုက်တာ ဖွားလေး တို့ အိမ်ပြန်ရောက်ပြီတဲ့ အာ့တာ ဘယ်ရီ အိမ်ပြန်တော့မလို့ လိုက်ပို့အုံးလေ...."
"Okလေ တက် ကားပေါ်...."
"ဟင်...ကိုကို..."
ဘယ်ရီ ကိုကိုဘေးမှာ ထိုင်ဖို့ ကားတံခါး အဖွင့် အိပ်ပျော်နေသော ရှောင်းကျန့်ကြောင့် ကိုကို့ကို တစ်ချက်ကြည့်လိုက်တော့....
"နောက်မှာထိုင်...ပြီးတော့ သူ့လဲ ဖွားလေးတို့အိမ်ခေါ်ခဲ့မလို့...."
'ဟင် ကိုကို ဘယ်တုန်းက သူစိမ်းတွေကို အာ့လောက် ရင်းနှီးတတ်သွားတာလဲ ခင်တာကြာပြီ ဖြစ်တဲ့ ကိုရွှယ်ယမ်ကို့တောင် ကိုကို ဖွားလေးတို့ဆီ ခေါ်ခဲ့ဖူးတာမဟုတ်...´
ဘယ်ရီ အတွေးပင်လယ်ထဲ ချာချာလည်မိတော့လဲ လက်တွေ့မှာတော့..."ဟုတ် ကိုကို..."
တစ်ကိုယ်လုံး brandedအပြည့် ၀တ်ဆင်ထားပြီး စိန်ရွှေမျိုးစုံ ဆင်ယင်ထားသောလည်း အလိုမကျမှု့များနဲ့ ခက်ထန်နေတဲ့ အမျိုးသမီးတစ်ယောက် တနည်းအားဖြင့် ဦးရှောင်းလင်ရဲ့လက်ရှိဇနီး လျန်းရီကျန်း....
"ဟယ်လို..."
"...."
"ဘာ သတင်းအစအန မရသေးဘူး ဟုတ်လား.....တောက်! အသုံးမကျလိုက်တာ....ပြီးတော့ ဟို ဂျေးထဲ ရောက်နေတဲ့ နှစ်ယောက်လဲ အခွင့်ရရင် ရသလို နှုတ်ပိတ်ပစ်လိုက်..."
"......"
"Ok လိမ္မာရင် အားလုံးက မင်းတို့ကောင်တွေ အတွက်ကြည့်ပဲ....."
"....."
"အေး..ဒါပဲ..."
ဒေါ်လျန်းရီကျန်း လဲ Phoneချပြီးတာနဲ့ စိတ်ညစ်ညစ်နဲ့ ဆေးလိပ်တစ်ခုကို မီးဖွာလိုက်ပြီး နှုတ်ခမ်းပေါ် အသာအယာ တေ့တင်လိုက်သည်....
'ကောင်လေး ကောင်လေး မင်းလွှတ်နိုင်သမျှ ပြေးထားဦးပေါ့...တွေ့တဲ့တစ်နေ့တော့ သွေးစွန်းစရာ ကိစ္စတွေ ဖြစ်လာတော့မှာပဲ ဟင်းဟင်း...´
အသက်မပါသော အပြုံးကို ခပ်ဟဟ ပြုံးလိုက်ပြီး ၀ရံတာ လက်ရန်းကို ထောက်ကာ ပတ်ဝန်းကျင်ကြီးကို မှိုင်းမော ကြည့်ရူ နေလိုက်တော့သည်.....
YOU ARE READING
အမုန်းမြို့သို့ လက်တစ်ကမ်းအလို 💗
Fanfictionမင်းက ငါ့ရဲ့ ကျွန်ခွေး အဆင့်ပဲ Xiao Zhan.... #Wang Yi Bo# မင်းရဲ့ခွင့်လွှတ်မှု့ ရမယ်ဆိုရင် ငါ့ကိုယ်ငါ စတေးရလဲ ဖြစ်တယ်.... #Xiao Zhan# (For both Zawgyi and Unicode)