ထမင်းစားခန်းထဲ ရွှယ်ယမ် ပြန်ဝင်လာတယ်။ ရှင်းချန်ရဲ့ဘေးနားကခုံမှာ ဝင်ထိုင်ပြီး ဒဏ်ရာကို ကြည့်လိုက်တယ်။
"မင့်း လက်က ဘယ်လိုဖြစ်လို့ထိထားတာလဲ"
ရှင်းချန် ပါးချိုင့်ပေါ်အောင်ပြုံးပြီး
"ဒီလိုပဲ မတော်တဆ"
အဲ့အချိန်မှာ ကြက်ပေါင်းအိုး ပွက်ပွက်ဆူလာတာနဲ့ ရှင်းချန် မီးဖိုမီး ထပိတ်လိုက်တယ်။ ပန်းကန်လုံးတစ်ခုယူပြီး ထည့်ရင်း
"အားယမ်... ညစာကို ဂျင်ဆင်းကြက်ပေါင်းလုပ်ထားတယ်။ ကြိုက်တယ် မဟုတ်လား။"
ဒဏ်ရာရထားတဲ့လက်ချောင်းကို ထောင်ပြီး ကြက်ပေါင်းထည့်ပေးဖို့လုပ်နေတဲ့ရှင်းချန်ကို ကြည့်ပြီး ရွှယ်ယမ် နေရာကထလာတယ်။
"ရှင်းချန်။ ငါ့ဘာသာငါ ထည့်စားမယ်။ ပေး"
ရှင်းချန်လက်ထဲက ပန်းကန်လုံးကို ယူလိုက်ပြီး ကြက်ပေါင်းကို ထည့်လိုက်တယ်။ ရှင်းချန်က စားပွဲမှာသွားထိုင်နေလိုက်တယ်။ ရွှယ်ယမ် ကြက်ပေါင်းကို ထည့်လာပြီး စားပွဲပေါ်တင်လိုက်တယ်။
ရွှယ်ယမ် ပန်းကန်လုံးတစ်ခုထပ်ယူလိုက်တယ်။"အားယမ် ငါမစားဘူး။"
ပန်းကန်ထဲ ထည့်ဖို့ပြင်နေတဲ့ရွှယ်ယမ်က လှည့်ကြည့်ပြီး
"ငါနဲ့အတူ တစ်ခါထဲ စားလေ.... ။ပြီးရင် မင်းလည်း ဆေးသောက်ရဦးမယ်။"
"မင်းနဲ့အတူ စားမှာပါ။ ဒါပေမယ့် အဲ့ကြက်ပေါင်းတော့ မဟုတ်ဘူး။ ငါ့အတွက်က ဒီအုပ်ဆောင်းအောက်မှာ။"
ရှင်းချန် စားပွဲပေါ်က အုပ်ဆောင်းကို ဖယ်လိုက်တယ်။ရွှယ်ယမ် ပန်းကန်ကို ချလိုက်တယ်။ ထမင်းစားပွဲမှာ ထိုင်လိုက်တယ်။ ရှင်းချန်အတွက် ဝူပြင်ပေးထားတဲ့ညစာကို ရှင်းချန်က စားတယ်။ ရွှယ်ယမ်က ကြက်ပေါင်းကို စားတယ်။ ရှင်းချန်က အစားစားနေရင်း ဟင်းရည်ကို သောက်နေတဲ့ရွှယ်ယမ့်ကို ကြည့်ပြီး
YOU ARE READING
မင်းဟာ အချစ်ဦးမဟုတ်ပေမယ့်.... Completed