(zaw)
ရေချိုး ပြင်ဆင်ပြီး အခန်း ဝရံတာမှာ ထိုင်ရင်း ရှင်းချန်ကို စောင့်နေတယ်။ ရှင်းချန်ကားလေးက ခြံထဲတစ်ဖြေးဖြေးချင်း ဝင်လာတယ်။ ရှင်းချန်ကားကို မြင်တော့ ရွှယ်ယမ် ချက်ချင်း ထရပ်ကြည့်လိုက်တယ်။ မျက်နှာမှာ ပျော်ရွှင်မှု အရိပ်အယောင်တွေက သန်းလို့။ အပြင်ကိုသွားရမယ်ဆိုတော့ ပျော်နေတာလည်း ပါတယ်။ရွှယ်ယမ် အခန်းထဲက ထွက်ပြီး အောက်ထပ်ကို ဆင်းလာခဲ့တယ်။ ရှင်းချန် ကားစက်သတ်ပြီး အိမ်ထဲဝင်လာတယ်။ ဧည့်ခန်းထဲရောက်လာတဲ့ ရွှယ်ယမ်ကို တွေ့တော့ ပြုံးလိုက်ပြီး
"ခဏလေးနော်.... အင်္ကျီသွားလဲလိုက်ဦးမယ်။"
ရွှယ်ယမ် ခေါင်းငြိမ့်ပြလိုက်တယ်။
ရှင်းချန် အပေါ်ထပ်ကို အပြေးလေးတက်သွားတယ်။ ကပြာကယာ အင်္ကျီလဲပြီး ရေမွှေးလေးဆွတ်ဖို့ ရေမွှေးပုလင်းကို လှမ်းယူလိုက်တယ်။ အလောကြီးနေလို့လား မသိ။ ရေမွှေးအဖုံးဖွင့်လိုက်တာ လက်ကို ရှမိသွားတယ်။ ရှရာလေးကနေ သွေးထွက်လာတော့ စားပွဲပေါ်က တစ်ရှူးလေးကို ယူပြီး သုတ်ကာ သွေးတိတ်အောင် ဖိထားလိုက်တယ်။ ရေမွှေးကို ဆွတ်ပြီး အောက်ထပ်ကို ဆင်းလာခဲ့တယ်။ လှေကားအဆင်းမှာ ချော်ပြီး လဲမလိုက် ဖြစ်သေးတယ်။ ရှင်းချန် ဘာတွေဖြစ်နေလဲ မသိ။ သူသိတာ.. ၂ယောက်ထဲ ဒိတ်မယ့်ကိစ္စ 😎
"အားယမ် ... ဆောရီးကွာ..."
ရွှယ်ယမ် ခုံမှာ ထိုင်နေရာကနေ ထလိုက်တယ်။ ရှင်းချန်ရဲ့လက်က သွေးပေနေတဲ့တစ်ရှူး...... တစ်ခုခုအပေါ်ဖိထားတာကို အကြည့်ရောက်သွားတယ်။
"လာ.. သွားကြမယ်"
ရှင်းချန်က ထွက်သွားတယ်။
ရွှယ်ယမ်က ရှင်းချန်ကို လှမ်းဆွဲလိုက်ပြီး
"အဲလက်က ဘာဖြစ်တာလဲ"
ရှင်းချန် လက်ကဒဏ်ရာကို ကြည့်လိုက်ပြီး ရွှယ်ယမ့်ကို ပြုံးပြကာ
"ဘာမှမဖြစ်ဘူး။ ရေမွှေးအဖုံးဖွင့်ရင်း ရှသွားတာ.. ကားထဲမှာ ဆေးပလာစတာရှိတယ်။ ကပ်လိုက်မယ်။"
ရှင်းချန်က ကားအနားရောက်တော့ ရွှယ်ယမ့်အတွက် တခါးဖွင့်ပေးတယ်။ ရွှယ်ယမ် ဝင်ထိုင်လိုက်တယ်။ ရှင်းချန်က ကားပေါ်တက်ကာ မောင်းထွက်တော့ဖို့ပြင်လိုက်တယ်။
YOU ARE READING
မင်းဟာ အချစ်ဦးမဟုတ်ပေမယ့်.... Completed