နာမည်က စုန့်လျန်။
စုန့်လျန်က ကျွန်တော့်ရဲ့နို့တိုက်မေမေရဲ့တစ်ဦးတည်းသောသား။ သူတို့က ကြီးကြီးတက် မချမ်းသာပေမယ့် ပိုက်ဆံရှိတဲ့မိသားစု။ စုန့်လျန်လည်း အဖေမရှိပေမယ့် အမေနဲ့အဒေါ်ရှိတယ်။ အမေကတော့ စားသောက်ဆိုင်ပိုင်ရှင်။ အဒေါ်က ယောဂဆရာမပေါ့။
ကျွန်တော်ဟာ နို့တိုက်မေမေကြောင့် အသက်ရှင်ခဲ့တာပါ။ အမေ့ရဲ့အဖေ့ကို မုန်းစိတ်က ကျွန်တော့်အပေါ် သက်ရောက်နေတော့..... အခု ကျွန်တော့် အသက် ၁၉နှစ်ပြည့်တော့မယ်။ အမေ့ဆီက အနမ်းမပြောနဲ့ ထမင်းတောင် တစ်ဝိုင်းတည်း မစားဖူးဘူး။ ပြီးတော့ ကျွန်တော် ကျောင်းမနေခဲ့ရဘူး။ စာမတတ်ဘူးပေါ့ဗျာ....
စုန့်လျန်နဲ့ကျွန်တော်က တစ်လပဲကွာတာမို့ အသက်အတူတူပဲ။ အခု သူက တက္ကသိုလ်ဆိုတာကြီးကို သွားနေရပြီ။နို့တိုက်မေမေက စုန့်လျန်နဲ့အတူတူ ကျောင်းထားပေးမလို့ဆိုတာကို အမေက လက်မခံဘူး။ ဒီကောင် စာမတတ်လို့ ဘာမှမဖြစ်သွားဘူးတဲ့လေ.....ဆိုပြီး ပြန်ပြောလိုက်သေးတယ်ဗျာ။
မှတ်မှတ်ရရ ကျွန်တော့်အသက်၁၀နှစ်အထိ စုန့်လျန်တို့အိမ်မှာ ထမင်းသွားစားနေရတယ်။ ကျွန်တော်ဟာ သူတို့အတွက် မွေးစားသားတစ်ယောက်လို။ ဒါပေမယ့် အမေက ကျွန်တော့်ကို
' နင် နောက်တစ်ခေါက် အဲ့ဒီအိမ်မှာ ထမင်းသွားစားရင် နင့်ကိုငါ အဝေးပို့ပစ်မယ်' လို့ပြောတယ်။ ကျွန်တော်လည်း ကြောက်ကြောက်နဲ့ စုန့်လျန်တို့အိမ်မှာထမင်းမစားတော့ဘူး။ အမေချက်ထားတာကို ဈေးရောင်းထွက်သွားတော့မှ ခူးစားတယ်။အမေက တစ်နေကုန်ဈေးရောင်းသွားတယ်။ မနက်ကချက်ထားခဲ့ပြီး ညနေပြန်လာမှ ထပ်ချက်တယ်။ ကျွန်တော့်ရဲ့တစ်နေ့တာက စားလိုက် အိပ်လိုက်။ဘယ်မှလည်း သွားစရာမရှိ။ ငယ်ငယ်ကတော့ စုန့်လျန်ကျောင်းကပြန်လာရင် သူတို့ခြံဘက် အတူတူသွားဆော့။ အခုတော့ .....
YOU ARE READING
မင်းဟာ အချစ်ဦးမဟုတ်ပေမယ့်.... Completed