အရင်တုန်းက မနက်စာကို တစ်ယောက်တည်း စားနေကြဆိုတော့ စားပွဲထိပ်ဆုံးမှာ ထိုင်တဲ့ရှင်းချန် အခုတော့ ရွှယ်ယမ်နဲ့မျက်နှာချင်းမှာ ထိုင်တော့ ဝူက မနက်စာကို နေရာပြန်ချရင်း နားမလည်တဲ့အကြည့်နဲ့ကြည့်လိုက်တယ်။
ရှင်းချန်နဲ့ အားယမ်အတွက် ကြက်ဥပေါင်မုန့်ကြော်နဲ့နွားနို့ပူပူတစ်ခွက်စီချပေးပြီး ဝူထွက်သွားတယ်။ ကြက်ဥပေါင်မုန့်ကြော်ကို ခက်ရင်းနဲ့ထိုး ဓားလေးလှီးပြီး စားတာက ရှင်းချန်အတွက် ဘာမှမဟုတ်ပေမယ့် အကျင့်မရှိတဲ့ရွှယ်ယမ့်အတွက်တော့ ဘာလုပ်ရမလဲ မသိဘဲ ရှင်းချန်လုပ်သမျှလိုက်ကြည့်နေတယ်။ ရှင်းချန် လုပ်သလို ခက်ရင်းနဲ့ထိုးပြီး ဓားနဲ့လှီးပေမယ့် ဆီကြောင့် ချော်ပြီး ပေါင်မုန့်တစ်ချပ်က ပန်းကန်ထဲက ထွက်သွားပါလေရော...။ ရွှယ်ယမ်တစ်ယောက် ပြာပြာသလဲနဲ့ကျသွားတဲ့ပေါင်မုန့်ကို ကောက်မလို့
"အားယမ် .. ဒီအတိုင်းထားလိုက်။ ဝူ သိမ်းလိမ့်မယ်။ရော့ .."
ရှင်းချန်က အလယ်မှာချထားတဲ့အပိုပေါင်မုန့်ကြော်ကို ယူပြီး ရွှယ်ယမ့်ပန်းကန်ထဲ ထည့်ပေးလိုက်တယ်။
"ကြည့်ထားနော် ... ဒီလို ခက်ရင်းနဲ့ အရင်ထိုး။ ဓါးလေးနဲ့အသာလေးလှီး။ ပြီးရင် ဟောဒီလို စား။"
ရှင်းချန်က တစ်ခုချင်းစီလုပ်ပြတယ်။ ရှင်းချန်လုပ်ပြတဲ့အတိုင်း ရွှယ်ယမ်တစ်ဆင့်ချင်းစီလုပ်ပေမယ့် ဆီတွေကြောင့် အဆင်ပြေမနေပေ။ ပြီးတော့ ကိုင်တဲ့ပုံစံကလည်း မမှန်တော့ ရွှယ်ယမ့်မှာ အခက်တွေ့နေတယ်။ ရွှယ်ယမ့်လုပ်နေတဲ့ပုံကို ကြည့်ပြီးရှင်းချန် မနေသာတော့..။
ထိုင်နေရာက ထလိုက်ပြီး ရွှယ်ယမ့်နောက်ကျောကနေ ကိုယ်ကိုကိုင်းကာ ရွှယ်ယမ့်လက်၂ဖက်ကို ကိုင်လိုက်တယ်။ ရွှယ်ယမ်လန့်သွားပြီး လှည့်အကြည့် ရွှယ်ယမ့်ခေါင်းနားငုံ့လာတဲ့ရှင်းချန်ရဲ့ပါးလေးနဲ့ ထိလုမတက်ဖြစ်သွားတယ်။ ရွှယ်ယမ့်မျက်နှာ ပန်းရောင်အသွင်ပြောင်းပေမယ့် ရှင်းချန်ကတော့ တည်ငြိမ်နေတယ်။ ရွှယ်ယမ်ချက်ချင်းပဲ မျက်နှာလွှဲပြီး ခေါင်းကို ငုံနေမိတယ်။
YOU ARE READING
မင်းဟာ အချစ်ဦးမဟုတ်ပေမယ့်.... Completed