(Unicode)
ရှင်းချန် ကုတင်ဘေးမှာ ထိုင်လိုက်ပြီး ရွှယ်ယမ်ရဲ့လက်ကလေးကို ဖွဖွလေး ကိုင်လိုက်တယ်။ ရွှယ်ယမ့်လက်ချောင်းလေးတွေကို ညင်သာစွာကိုင်ကြည့်ပြီး ရွှယ်ယမ့်မျက်နှာကို ကြည့်လိုက်တယ်။ ဖြည်းဖြည်းချင်း လှည့်လာတဲ့ရွှယ်ယမ်နဲ့ မျက်လုံးချင်းအကြည့်ဆုံသွားတယ်။
စကားတွေအများကြီး ပြောချင်ပေမယ့် ရွှယ်ယမ့်ကို အေးဆေးနေဖို့ဆန္ဒက ပိုများနေတော့...
"ခဏ အိပ်လိုက်ဦးနော်...။ ကိုယ် ဆရာဝန်နဲ့ တိုင်ပင်စရာလေးရှိလို့ သွားလိုက်ဦးမယ်။"
ရွှယ်ယမ် ခေါင်းငြိမ့်ပြလိုက်တယ်။ ရှင်းချန် အခန်းထဲက ထွက်သွားတော့ ရွှယ်ယမ်လည်း ခဏလေး ပြန်မှေးနေလိုက်တယ်။ အိပ်ပျော်နေတာတောမဟုတ်။ ရှင်းချန်အပေါ် ဒီခံစားချက်တွေ ဘယ်အချိန်ကတည်းကစနေခဲ့မှန်း မသိပေမယ့် အခု ရွှယ်ယမ် ရှင်းချန်ကို ချစ်နေမိပြီဆိုတာတော့ သိတယ်။။ ဘယ်သူ့အပေါ်မှာမှ မချစ်ဖူးတဲ့အချစ်မျိုးနဲ့လေ...။ ရွှယ်ယမ့်နှလုံးသားထဲမှာ တချိန်လုံး တသသ လွမ်းဆွတ်နေသူလိုမျိုး။
ရှင်းချန်က ဆရာဝန်နဲ့တွေ့ပြီး ရွှယ်ယမ့်ကျန်းမာရေးနဲ့ပတ်သက်တာကို အသေးစိတ် မေးမြန်းနေတယ်။ ပြီးတော့ ရွှယ်ယမ့်အတွက် ဆေးရုံက အထူးခန်းတွေထဲက အကောင်းဆုံးအခန်းမှာ ထားဖို့ပြောနေလေတယ်။
**************************************************************************************
"သား ရွှယ်ယမ်"
အမေ အမေ့အသံပဲ။ ရွှယ်ယမ် မျက်လုံးကို ဖွင့်ကြည့်လိုက်တယ်။ အမေ့ကို မြင်တော့ မယုံနိုင်ဘူး။ အမေ ဟုတ်ရဲ့လားဆိုတာ သေချာကြည့်နေတယ်။ ရွှယ်ယမ်က ပြူးကြောင်ကြောင်ကြည့်နေတော့ မိခင်ဖြစ်သူမှာ အနားကို တိုးကပ်သွားပြီး လက်ကလေးကို ကိုင်လိုက်တယ်။
YOU ARE READING
မင်းဟာ အချစ်ဦးမဟုတ်ပေမယ့်.... Completed