မင်းဟာ အချစ်ဦးမဟုတ်ပေမယ့်......24(Uni+Zaw)

303 40 2
                                    

(Uni)

"လာကြပါဦး။ ဒီမှာ လူတစ်ယောက်မေ့လဲသွားလို့...."

ရှော့ပင်းမောလ်အနောက်ဘက်ဘက်ဝင်ပေါက်က လူတွေရဲ့အသံ။ ဝင်ပေါက်နားမှာ လူတွေစုသွားပြီး ဆေးရုံကားခေါ်သူက ခေါ်ပေးနေကြတယ်။

မြေအောက်ကားပါကင်အဝမှာလည်း ကားတိုက်မှုတစ်ခုကြောင့် လူတွေကအုံနေတယ်။ မကြာမီဆေးရုံကား ၂စီးရောက်လာတယ်။ ဝင်ပေါက်က မေ့လဲကျတဲ့လူနာအတွက်တစ်စီး။ ကားတိုက်ခံရသူအတွက် တစ်စီး။ လူနာတင်ကား၂စီး ရှေ့နောက် မောင်းနှင်ကာ Good Health Hospital သို့ဦးတည်နေတယ်။

************************************************************************

"လူနာကို အရေးပေါ်ခွဲစိတ်ခန်းထဲ မြန်မြန်ပို့...."

ဆရာဝန်တွေ သွေးအလိမ့်လိမ့်ဖြစ်နေတဲ့လူနာ အသက်မီဖို့ အပြေးအလွှား လှုပ်ရှားနေကြတယ်။ ခွဲစိတ်ခန်းအပြင်မှာတော့ ဆောက်တည်ရာမရ စိတ်ပူပန်သောကရောက်နေတဲ့စုန့်လျန်။

ဆိုးဆိုးဝါးဝါးကြီးမဖြစ်ပါစေနဲ့...။ မင်းတစ်ခုခုဖြစ်ရင် ငါ့ကိုယ်ငါ ခွင့်လွှတ်နိုင်မှာ မဟုတ်ဘူး။ မင်းကို ပြန်တွေ့တဲ့အချိန်မှာ ဝမ်းသာအားရ ပြေးဖက်ခဲ့သင့်တာ....။ အခုတော့... ရွှယ်ယမ် သူငယ်ချင်းလေး ငါတောင်းပန်ပါတယ်။ ကံကြမ္မာကြီးရယ်... ကျွန်တော်တို့သူငယ်ချင်း ၂ယောက်ရဲ့ပြန်ဆုံတွေ့မှုကို ဘယ်လိုဖြစ်လို့ ဒီလိုသတ်မှတ်ပေးထားတာလဲဗျာ....။ ရက်စက်လိုက်တာ...။ စုန့်လျန်မှာ သွေးတွေပေနေတဲ့လက် ၂ဖက်ကို ဆုပ်ထားရင် ငိုကြွေးနေမိတယ်။

******************************************************************************

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

******************************************************************************

မေ့လဲကျတဲ့လူနာကိုတော့ အရေးပေါ်ခန်းထဲမှာ စမ်းသပ်စစ်ဆေးနေတယ်။

မင်းဟာ အချစ်ဦးမဟုတ်ပေမယ့်.... CompletedWhere stories live. Discover now