အားနဲ့ဆုပ်ကိုင်ထားတဲ့ရှင်းချန်ရဲ့လက်ကို ခါထုတ်လိုက်ပြီး
"အား.... နာတယ်ကွ။ အကောင်သေးသေးလေးနဲ့ အားကလည်း ကြီးပါ့။"
နီရဲသွားတဲ့ရွှယ်ယမ့်လက်ကောက်ဝတ်လေးကို ကြည့်လိုက်ပြီး စိတ်မကောင်းတော့နည်းနည်းဖြစ်သွားတယ်။
"နာသွားရင် ဆောရီးကွာ....။ ဒါနဲ့ မင်း မှတ်ထားရမှာက မင်းက ငါနဲ့သက်ဆိုင်တာလုပ်ပေးဖို့ တစ်ခြားအရာတွေမပါဘူး။"
ရွှယ်ယမ် ရှင်းချန်ကို ဘာမှပြန်မပြောဘဲ ဒီအတိုင်း ကြည့်နေတယ်။
ရှင်းချန် နူးညံ့တဲ့မျက်နှာလေးအဖြစ်ပြောင်းပြီး ညင်သာတဲ့ လေသံဖြင့်
"အားယမ်... ဆေးသောက်ပြီးသွားနားတော့လေ...."
"အွန်း... မင်းလည်း ဆေးသောက်ဖို့ မမေ့နဲ့နော်....."
ရွှယ်ယမ်အပေါ်ထပ်ကို တက်သွားတယ်။ ရွှယ်ယမ်နောက်ကျောလေးကိုကြည့်ပြီး ရှင်းချန်စိတ်ထဲ မတင်မကျဖြစ်နေမိတယိ။ ဘာကြောင့်မှန်းတော့ မသိ။
ဧည့်ခန်းထဲက ဆိုဖာမှာသွားထိုင်လိုက်ပြီး အားချင်ဆီဖုန်းဆက်လိုက်တယ်။
"အားချင်.... မနက်ဖြန် အားယမ်ကို လာသင်တော့မှာ မဟုတ်လား...။"
"......."
"ကျွန်တော် တစ်ခုလောက်ခွင့်တောင်းဆိုချင်လို့။ မနက်ဖြန်မလာသေးပါနဲ့။ သဘက်ခါမှ လာခဲ့လို့ရမလားဗျ။"
"......."
"အိုကေ... ကျေးဇူးတင်ပါတယ် အားချင်"
မနက်ဖြန် ရုံးကို သွားပြီး လုပ်စရာရှိတာလုပ်မယ်။ နေ့လည်လောက် အားယမ်နဲ့အတူ သူ့အတွက် လိုအပ်တာတွေ သွားဝယ်မယ်။
YOU ARE READING
မင်းဟာ အချစ်ဦးမဟုတ်ပေမယ့်.... Completed