အာ.... စိတ်တိုလိုက်တာကွာ..
ဘာ!!! ရင်ဘတ်ချင်းနီးတယ်။ ဟုတ်လား...
ရိုးရိုးသားသားနီးကြတာရော ဟုတ်ရဲ့လား....။
သူငယ်ချင်းတွေဆို.... ပြောရင်းနဲ့ မခို့တရို့ ပြုံးလိုက်တာကရော... ဘာသဘောလဲ။ရှင်းချန် အခန်းထဲမှာ ခေါက်တုံ့ခေါက်ပြန် လျှောက်ကာ တွေးနေတယ်။
စိတ်အရှိအတိုင်းဆို ဆွဲရမ်းပြီး မေးမြန်းလိုက်ချင်တယ်။ စိတ်ထဲ တော်တော် မတင်မကျဘဲ။ အဲ့ဒါကို ငါက စုန့်လျန်နဲ့ အလုပ်တွဲလုပ်ရဦးမယ်ပေါ့။ဟာကွာ...
ရုံးမှာ အလုပ်လိုတဲ့နေရာကလည်း အဝတ်သိမ်းတာ။ အဲ့ဆို သူ့သူငယ်ချင်းကြီးနဲ့တွေ့နေဦးမှာ....ဒါနဲ့ ခုနက ငါ့မျက်နှာအမူအရာတွေကို အားယမ်လေးတွေ့သွားလား...။ သူ ငါ့ခံစားချက်တွေကို ရိပ်မိသွားပြီလား..
ရှင်းချန် အခန်းတံခါးလေးဖွင့်ပြီး အပြင်ကို ချောင်းကြည့်လိုက်တယ်။ ရွှယ်ယမ် အခန်းထဲ ဝင်သွားတာကို တွေ့လိုက်တယ်။ ဒေါသတွေထွက် ပူထူနေပေမယ့် နောက်ကျောလေးမြင်လိုက်တော့ ငြိမ်းအေးသွားပြန်ရော... aww... ထူးခြားလိုက်တာနော်...
ရှင်းချန် စားပွဲမှာထိုင်လိုက်ပြီး တစ်ခုခုကို လေးလေးနက်နက်စဉ်းစားနေတယ်။
ဟုတ်ပြီ။ အားယမ်ကို ငါ့အနားထားချင်ရင် ဒီလိုပဲ လုပ်ရတော့မယ်။
ရှင်းချန် အခန်းထဲက ထွက်လာပြီး ရွှယ်ယမ့်အခန်းဆီ လျှောက်လာခဲ့တယ်။ဒေါက် ဒေါက်
တံခါးကို ဖြည်းဖြည်းလေး လှည့်ဖွင့်လိုက်တယ်။ အိပ်မောကျနေတဲ့ ရွှယ်ယမ်လေးကို မြင်လိုက်တယ်။
YOU ARE READING
မင်းဟာ အချစ်ဦးမဟုတ်ပေမယ့်.... Completed