အိပ်မက်ကြောင့် စောစောနိုးခဲ့တာမို့ ရုံးလည်း စောစောရောက်နေပြန်တယ်။ မနက်စာတောင် မစားနိုင်ဘဲ audition lists ကြည့်ဖို့ ရှင်းချန်စိတ်အားထက်သန်နေတယ်။ အတွင်းရေးမှူးကို လာဖြေသွားတဲ့သူတွေရဲ့ဖောင်တွေကို အကုန်ယူခိုင်းလိုက်ပြီး လှန်လှောရှာနေမိတယ်။
ဟူး.... အကုန်လုံးကို မွှေနှောက်ပြီးသွားပေမယ့် Pikachu လေးကို မတွေ့ပါလား...။ သူနဲ့အတူလာတဲ့ကောင်လေးက လွဲလို့။ ဒါဆို သူဖြေတာ မဟုတ်ဘဲ သူ့သူငယ်ချင်းအတွက် အဖော်လိုက်ခဲ့ပေးတာပေါ့....။ ရှင်းချန် ခေါင်းကုတ် စဉ်းစားလိုက်တယ်။ လိုင်းဖုန်းကနေ casting manager ကို လှမ်းမေးဦးမှ။ မော်ဒယ်အတွက် ဘယ်သူ့ကို ရွေးလိုက်လဲဆိုတာ......
ရှင်းချန် - မမမေ.... မနေ့ကလာဖြေတဲ့သူတွေထဲက ကျွန်တော်တို့ဝတ်စုံအသစ်အတွက် မျက်နှာသစ်ရလိုက်လား....
မမမေ - ရတယ် ရှင်းချန်။
ရှင်းချန် ပြုံးလိုက်တယ်။ ကျိန်းသေ ဟိုကောင်လေးရဲ့သူငယ်ချင်းပဲပေါ့...။ ငါတော့ ဟိုကလေးကို ထပ်မြင်ရဦးမှာပဲ။
ရှင်းချန် - ဘယ်တစ်ယောက်ကို ရွေးလိုက်တာလဲ မမမေ။
မမမေ - နံပါတ် ၂၂ ရိပေါ်။
ရှင်းချန် - ဟင်..... မမမေ.. နောက်ဆုံးမှလာဖြေတဲ့ နံပါတ် ၃၂ စုန့်လျန်က အဆင်မပြေတာလား...
မမမေ - အဆင်ပြေပါတယ်။ ဒါပေမယ့် အခု ကြော်ငြာမယ့်ဝတ်စုံက ရိပေါ်နဲ့ ပိုလိုက်ဖက်မယ် ထင်တယ်။ ဘာလဲ ရှင်းချန်က စုန့်လျန်ဆိုတဲ့ကောင်လေးကို ရွေးချင်တာလား...။
ရှင်းချန် - အာ... မဟုတ်ပါဘူး..။ ဒါနဲ့ အရွေးခံရသူကို ဆက်သွယ်ပြီးသွားပြီလား...။
YOU ARE READING
မင်းဟာ အချစ်ဦးမဟုတ်ပေမယ့်.... Completed