Part - 1

3.1K 219 10
                                    

Unicode 🎀

မထင်မှတ်ဘဲတွေ့ခဲ့ရတဲ့ ခင်ဗျားကိုအဲ့လောက်စွဲလမ်းသွားမိမယ်လို့ မထင်ခဲ့မိဘူး ~

*ဆောင်းရာသီ နံနက်ခင်းတစ်ခု*

"Jimin ရေ သားလေး ထတော့လေ ကျောင်းသွားရတော့မယ်"
Jimin : ဟုတ် မေမေ ကျွန်တော်ထပြီနော်

ကျွန်တော့်နာမည် Park Jimin တက္ကသိုလ် ဒုတ်ိယနှစ်ကျောင်းသား Busan ကနေ Seoul ကို မိသားစုလိုက်ပြောင်းလာခဲ့ရတယ်

အကြောင်းရင်းကတော့ တစ်ဦးတည်းသောသားလေးဖြစ်တဲ့ ကျွန်တော့်ကို တက္ကသိုလ်ကောင်းကောင်းထားပေးချင်တဲ့ မိဘတွေရဲ့ဆန္ဒပေါ့ဗျာ

ကျွန်တော်လည်း မျက်နှာသစ် ကိုယ်လက်သန့်စင် ကျောင်းအင်္ကျီလဲပြီး အိမ်အောက်ကိုဆင်းခဲ့တယ်..

° ကျွန်တော်တို့မိသားစုရဲ့စီးပွားရေးအခြေအနေက အနေတော်လောက်ပါပဲ

အမေကစားသောက်ဆိုင်လေးဖွင့်ထားတယ်လေ အမေ့လက်ရာကကောင်းတော့ Seoul မှာလည်းတော်တော်ရောင်းကောင်းပါတယ်

အဖေကတော့ ကားကုမ္ပဏီတစ်ခုမှာလုပ်ပါတယ် အလုပ်ကြိုးစားတဲ့အဖေ့ကို Seoul ကရုံးခွဲမှာပြောင်းလုပ်ခွင့်ပေးကြတယ်လေ °

Jimin's mom : သားလေး လာ မနက်စာစားသွားနော် ဒီမှာ မေမေကိုယ်တိုင် ထမင်းကြော်ပေးထားတယ်

Jimin : ဟုတ် မေမေ

မနက်စာစားပြီးတော့ ကျွန်တော်ကျောင်းသွားဖို့ထွက်လာခဲ့တယ် ကျောင်းအသစ်ကိုသွားရမှာဆိုတော့ ရင်လည်းခုန်နေတာပေါ့

စက်ဘီးလေးထုတ်ပြီး ဖြည်းဖြည်းချင်းကျောင်းစီကို နင်းလာခဲ့တယ်

ခနနေတော့ လှမ်းမြင်လိုက်ရတယ် "Seoul University" ဆိုတဲ့ဆိုင်းဘုတ်ကြီးနဲ့အတူ ခမ်းနားလွန်းတဲ့ ကျောင်းကြီး

*ဝါးးး မိုက်လိုက်တာ ငါတို့ Busan မှာအဲ့လောက်ကြီးတဲ့ကျောင်းမရှိသေးဘူး အကြီးကြီးပဲကွာ*

ကျောင်းထဲကိုစက်ဘီးလေးနဲ့ပဲဝင်လာခဲ့ပြီး စက်ဘီး stand မှာ သော့ခတ်ထားခဲ့တယ်

ကျောင်းစဖွင့်တဲ့ပထမဆုံးရက်ဆိုတော့ စောသေးပေမယ့် လူတော်တော်စုံနေကြပြီ

Unexpected Love    ||    MYG × PJMWhere stories live. Discover now