Part 4

974 160 6
                                    

Unexpected Love ❣️
Part - 4 ✨

Unicode 🎀

ထို့နောက် Jimin လက်ကိုလွှတ်ပေးလိုက်ပြီး
"လာ ဒီမှာ ထိုင်" ဟုပြောကာ Yoongi ဘေးကနေရာကို လက်နှင့်ပုတ်ပြလိုက်သည်

Jimin တစ်ယောက်ကတုန်ကယင်နှင့် "ဟုတ်.. ဟုတ်" ဟုပြောကာ ဝင်ထိုင်လိုက်သည်

လက်လေးတွေပင်တုန်နေတုန်း

Yoongi : ကလေး အရမ်းလန့်သွားတာလား ကိုယ်ကစလိုက်တာပါ

Jimin တွေးလိုက်မိသည်
*ဟင် ကလေးး? ဘာလို့အဲ့လိုကြီးခေါ်တာလဲ ငါကရောဘာလို့အဲ့စကားကိုသာယာနေရတာလဲ?"

Jimin : ဟုတ် မလန့်ပါဘူး ဟီးး

*မျက်လုံးလေးတွေမှိတ်တဲ့ထိပြုံးပြလိုက်တော့ Yoongi ရင်ခုန်သံတွေ ဒုန်းခနဲဖြစ်ပြီး သူပင်လိုက်ပြုံးလိုက်မိသည်*

ထမင်းပန်းကန်တွေသွားယူပြီးနောက် နေရာသို့ပြန်ထိုင်ကြသည်

Yoongi : ကိုယ်တို့တွေ့တာ ၃ခါလောက်ရှိပြီကို မမိတ်ဆက်ဖြစ်ကြဘူးနော် ကိုယ့်နာမည် Min Yoongi ပါ စတုတ္ထနှစ်ပါ.. ကျောင်းကောင်စီထဲမှာ ခေါင်းဆောင် .. basket ball လက်ရွေးစင်

Jimin တစ်ယောက် Yoongi ပြောသမျှကိုလိုက်နားထောင်မိပြီး ပါးစပ်ပင်မစိနိုင်

**အဲ့လောက်တောင်တော်တာ ရုပ်ကလည်း ချောသေးတယ် ကောင်မလေးတွေဝိုင်းဝိုင်းလည်နေလောက်တယ်**

"ကလေး ဘာတွေငေးနေတာတုန်း"

Yoongi ပြောလိုက်မှ Jimin စိတ်ပြန်ကပ်သွားပြီး

"အော် မဟုတ်ပါဘူး အကိုကအရမ်းတော်တာပဲလို့ ကျွန်တော်က Park..Park"

"ကိုယ့်ကို အကိုလို့မခေါ်နဲ့ hyung လို့ခေါ်"

Jimin စကားပင်မဆုံးသေး Yoongi ဖြတ်ပြောလိုက်သောစကားကြောင့်ကြောင်သွားသည်

"အမ် ဟုတ် ဟုတ် hyung... "

အသံလေးကတိမ်ဝင်သွားပြီး

"ကျွန်တော့်ကိုရော ဘာလို့ကလေးလို့ခေါ်တာလဲ" လို့ပြန်​မေးလိုက်သည်

အဲ့ကျမှ Yoongi မျက်နှာကြီးနီသွားပြီး
" အော် အမ် အဲ့ဒါက ကိုယ်ကငယ်တဲ့သူတွေကို အဲ့လိုပဲခေါ်တာ ဟဲဟဲ ဒါနဲ့ မင်းကိုယ်မင်း ဆက်မိတ်ဆက်ပါဦး"

Unexpected Love    ||    MYG × PJMWhere stories live. Discover now