Part - 13

783 111 5
                                    

Unicode 🎀

Tae တစ်ယောက် စဥ်းစားရင်း အနောက်လှည့်လိုက်တော့

" Ji - Jimin ... ဘယ်တုန်းက ရောက်နေတာ ? "

Jimin ဆိုတဲ့ အသံကြားလိုက်တော့
Yoongi တစ်ယောက် ခေါင်းမော့လာပြီး မြင်လိုက်ရတာ သူ့ကို နာနာကျည်းကျည်းကြည့်နေတဲ့ ကလေးရဲ့ မျက်နှာ

" ကလေးး ကိုကို့ကလေးလေးး
ကိုကို့ကို ရှင်းပြခွင့်လေးပေးပါနော်
ကိုကိုပြောပြစရာလေးရှိလို့ပါ "

Tae တစ်ယောက်တည်းနဲ့သာပြောရရင် Yoongi အခွင့်အရေး ရချင်မှရမည်ဆိုပေမယ့် အခု Jimin ကကြားသွားပြီဆိုတော့လည်း Min Yoongi တ်ို့ အဆင်ပြေပြီပေါ့

ခုနကပဲ သူနဲ့စကားပြောချင်တယ်ဆိုပြီး ငိုယိုနေသော ကောင်လေးက သူ့ရှေ့တည့်တည့်ရောက်လာသော သူကို မလွဲမသေ အခွင့်အရေးပေးမှာပဲ

Tae တစ်ယောက် ဒီကိစ္စကို သူ၀င်ပါစရာမလိုတော့ဘူးလို့ တွေးနေရင်း ..

" မကြားချင်ဘူး "

" ဟင် ? ဂျီမင်း ? "

Tae တစ်ယောက် အတွေးပင်မဆုံးသေး ကြားလိုက်ရသော Jimin ရဲ့ တုန့်ပြန်မှူအောက်မှာ စွံ့အသွားသည်

Yoongi ကတော့ မျက်ရည်များဝဲလျက်

* Jimin ရယ် မင်းနာကျင်နေတာ ငါသ်ိပါတယ် ဘာလို့များ ဒီလိုချက်ချင်းဆုံးဖြတ်လိုက်ရလဲ ? *

" ကလေး.. ကိုကိုမှားတာသ်ိပါတယ်
တစ်ခါလေးပါပဲ ရှင်းပြပြီးတာတောင်
လက်မခံချင်ဘူးဆိုရင်တော့ ရပါတယ်
ကိုကိုထွက်သွားပေးမှာမို့လို့ တစ်ခါလေးပဲအခွင့်အရေးပေးပါလား ကလေးရယ် ... "

Jimin က လှည့်ထွက်သွားမယ်အလုပ် Yoongi က လက်ကိုဆွဲကာ ခခယယ ပြောလိုက်ပေမယ့်

" သွားစမ်းပါ ခင်ဗျားကြီးးး "

" ဒုန်းး .. "

" ဟာ "

လှမ်းဆွဲလာသော Yoongi လက်ကို ဆောင့်ဆွဲကာ ပြန်တွန်းလိုက်တော့ အားမရှိသေးတဲ့ Yoongi တစ်ယောက် နောက်ပြန်လဲကာ ဆေးများတင်ထားသော ခုံစောင်းနဲ့ ရိုက်မိသွားသည်

" ဟာ hyung hyung ... သတိထားပါဦး "

Tae တစ်ယောက် မျက်လုံးများပြာသွားကာ Yoongi ကို လှမ်းဖမ်းဆွဲတော့ သတ်ိလစ်နေပြီ

Unexpected Love    ||    MYG × PJMWhere stories live. Discover now