Part - 17

679 102 21
                                    

" အာ Joon ငါ မိတ်ဆက်ပေးရဦးမယ်
ဒါငါ့ရဲ့ ကလေးလေးလေ Jiminie တဲ့ "

Yoongi က ​ချော့သလိုနဲ့ Jimin ရဲ့ ပုခုံးလေးကို ကိုင်ရင်း ခေါ်လာတော့ အကောင်ပေါက်လေးက သူ့ကိုကိုရဲ့ လက်ထဲ တရွတ်တိုက်ပါလာသည် ။

နှုတ်ခမ်းလေးကတော့ ဆူနေဆဲ ~

Yoongi စကားကြောင့် Joon တစ်ယောက် မျက်ခုံးကို ပင့်ရင်း အနည်းငယ်ကြောင်သွားသည်

ပြီးမှ နားလည်သွားသော ပုံစံနှင့် အားရပါးရပြုံးပြသည် ။

" Congratulations ကွာ ငါ့ကောင်ရေ
မင်းတောင် ဒီလို ဖြစ်သွားပြီပဲ "

" ကျေးဇူးကွာ မင်းကလည်း ..
အော် ဒါနဲ့ ကလေး မိတ်ဆက်လိုက်ဦးလေ
ဒါက ကိုကို့ သူငယ်ချင်း Namjoon တဲ့ "

" ဟုတ် Park Jimin ပါ "

အဆိုးလေးကတော့ ထုံးစအတိုင်း ခပ်ပြတ်ပြတ်ပဲ နှုတ်ဆက်လိုက်သည်

" ကျွန်တော် က Kim Namjoon ပါ
Joonie hyung လို့ ခေါ်လို့ရပါတယ် "

ထိုလူကြီးရဲ့ အပြုံးများက ချိုသာလွန်းသောကြောင့် အနည်းငယ်တော့ ပြန်ပြုံးပြမိသည် ။

အပြည့်အဝတော့ မဟုတ်ခဲ့
ကိုကိုက တစ်ခါမှ မပြောပြဖူးတဲ့သူက ခုမှ ဝုန်းဒိုင်းကြီး ပေါ်လာတာကြောင့်လည်း ပါသည် ။

ပြီးတော့ ကိုကို့အပေါ်လည်း အရမ်းကောင်းလွန်းနေသည်လေ ။

Yoongi က ဆက်ပြောပြသည်

" ကလေး ဒါက ကိုကို့ရဲ့ ကျောင်းနေဖက်
မူလတန်းထဲက အရင်းနှီးဆုံး သူငယ်ချင်းပဲ

သူက အခု Aussie မှာ ပညာသွားသင်နေတာ
တစ်ခါတစ်လေမှ ပြန်လာဖြစ်တယ်လေ "

" အော် .. ဟုတ် "

ခပ်ပြတ်ပြတ် ဖြေလိုက်သော Jimin ကြောင့် Joon တစ်ယောက်ပြုံးမိသည်

Yoongi က မျက်ရိပ်မျက်ကဲနဲ့ ပြလိုက်သောကြောင့်လည်းပါသည် ။

ဒါပေမယ့် Jimin စိတ်ထဲ တွေးလိုက်တာတော့ သူတို့နှစ်ယောက် တစ်ခုခုကို လျှို့ဝှက်ထားပါတယ်ပေါ့

Joon စိတ်ထဲမှာတော့
*ဒီလို ချစ်စရာ အကောင်ပေါက်လေးက အမြဲ ဒီလို မှုန်သုန်နေတာတော့ မဖြစ်နိုင်ဘူး
ငါဘာတွေများ လုပ်မိပါလိမ့်ပေါ့ *

Unexpected Love    ||    MYG × PJMWhere stories live. Discover now