Part - 12

707 103 7
                                    

Unicode 🎀

" Tae... သူလား မသိဘူး "
မျက်ရည်တို့ကြား အသံလေးတုန်တုန်ယဥ်ယဥ်နှင့် မေးလာသည်

** Jimin ရယ် မင်းကို အဲ့လောက်နာကျင်စေခဲ့တဲ့သူကို ခုထိ စိတ်ပူပေးနေတုန်းလား မတန်ဘူးလေကွာ **

Tae ရဲ့ စိတ်ထဲ နာနာ ကျည်းကျည်း တွေးလိုက်မိပေမယ့် စိတ်ထိခိုက်နေတဲ့ Jimin ကိုတော့
အဲ့လို ပြောမထွက်ခဲ့

" မဟုတ်လောက်ပါဘူးကွာ နာမည်တူတာပဲနေမှာ လာပါ မင်းကလည်း အဲ့ကိစ္စတွေမေ့ပစ်ပြီး ပျော်စရာတွေပဲဖန်တီးကြမယ် လာ လာ "

ပြောရင်း Jimin ပုခုံးကိုဖက်ကာ အခန်းထဲခေါ်လာခဲ့သည်

Jimin ရဲ့ ခြေလှမ်းတွေကတော့ မလိုက်ချင်ဘဲ လိုက်လာရသလို တုန့်နှေးလျက်

အခန်းထဲပြန်ရောက်လည်း Jimin မျက်နှာလေး ညှိုးငယ်နေတုန်း

" Jimin ... အခုစိတ်ထဲဘာတွေဖြစ်နေလဲဆိုတာ ငါ့ကိုပြောပြလိုက် မင်းဖြစ်ချင်တာ အကုန်ပြောကွာ "

Tae က အဲ့လိုပြောလာတော့ Jimin တစ်ယောက် ပြေးဖက်ပြီး ရှိုက်ကြီးတငင် ငိုတော့သည်

ငိုရင်း​ထွက်လာသော စကားလုံးတို့က
ပလုံးပထွေးနဲ့ နှုတ်ခမ်းဖျားမှ လျှံကျလာသည်

" ငါ 'မင်' ကို အရမ်းချစ်ခဲ့တာကွာ
ပထမဆုံးချစ်ဖူးတာပဲ
သူလည်းငါ့ကိုချစ်တယ်ထင်ခဲ့တာ သူကမချစ်ဘူးတဲ့ ငါမယုံချင်ဘူးကွာ သူနဲ့စကားပြောချင်တယ် ငါဘာအမှားလုပ်မိလဲပြောစေချင်တယ်
ယောင်းရယ် ငါ့ကိုကယ်ပါဦး သူမရှိရင်သေမှာ "

ပုံမှန် ထယ် လို့သာခေါ်သော ကောင်လေးဆီမှယောင်း ဟုခေါ်ခံလိုက်ရတော့ ​ပိုပြီးသနားမိသွားသည်

Jimin ပြောဖူးသည်
နာမည်လေးကို အဖျားစွတ်ခေါ်ရင် သူတကယ်ကိုမြတ်နိုးပြီး အလေးထားလို့တဲ့

Yoongi အကြောင်းကို သေချာ အလေးထားပြီး ပြောရင် 'မင်' လို့ ခေါ်တာကိုတော့ အရင်တည်းကသိပါသည်

'ယောင်း' ဆိုတာ ကတော့ ခုမှ ပထမဆုံးခေါ်ဖူးခြင်းသာ

*ငါ့ကို တော်တော် မှီခိုပြီး ခင်တွယ်ရှာတာပဲ
ငါ့သူငယ်ချင်းကို ထပ်ပြီးအထိခိုက်မခံနိုင်ဘူး
ငါမင်းကိုကာကွယ်မယ် ဂျီမင်းရယ်
ငယ်ငယ်ကလို စိတ်ဒဏ်ရာ ထပ်မဖြစ်စေချင်ဘူး*

Unexpected Love    ||    MYG × PJMWhere stories live. Discover now