Part - 3

1.1K 156 17
                                    

Unicode 🎀

ဆေးရုံခုတင်ပေါ်မှာအိပ်နေတဲ့ကောင်လေးကို Yoongi သေချာစိုက်ကြည့်မိသည်

ပါးလေးကဖောင်းဖောင်းရဲရဲလေး သဘာဝအတိုင်းပန်းရောင်သန်းနေသော နှုတ်ခမ်းထူထူလေးက ချိုမြိန်လောက်သည် နှာတံလေးကလည်းစင်းစင်းလေး လက်ချောင်းလေးတွေကလည်း ဖောင်းဖောင်းလေးတွေ

Yoongi လက်ရှေ့တိုးကာ Jimin လေးရဲ့ လက်ဖောင်းဖောင်းလေးကို ဆုပ်ကိုင်လိုက် မိသည်

*မင်းလေးနဲ့ ရေစက်ပဲဆုံတာလား တိုက်ဆိုင်လွန်းတာလား ကလေးရယ်.. ကိုယ်နဲ့တွေ့တိုင်း အခုလိုထိခိုက် မိနေတာကိုတော့ ကိုယ်သဘောမကျလှဘူး နောက်ထပ်မထိခိုက်အောင်ကာကွယ်ပေးပါ့မယ်*

Yoongi တစ်ယောက် စိတ်လွတ်ကာတွေးချင်တိုင်းတွေးလိုက် မိသည် အတွေးဆုံးမှချက်ချင်းသတိပြန်ဝင်လာသည်

*Min Yoongi စိတ်ထိန်းစမ်း အဲ့ဒါယောကျာ်းလေးနော် ညီလေးတစ်ယောက်အနေနဲ့ပဲ စောင့်ရှောက်ပေးချင်တယ်ပြောတာပါ ဟုတ်ပါတယ်*

ကိုယ့်စိတ်ကိုပြန်ထိန်းကာ Jimin လက်ကိုလွှတ်လိုက်ပြီးနောက် မျက်လုံးတွေက Jimin ရဲ့ ပါးဖောင်းဖောင်းလေးတွေဆီရောက်သွားပြန်သည်

ပါးလေးတွေဆီလက်ကဖြည်းဖြည်းချင်းရောက်သွားပြီး Jimin ရဲ့ပါးလေးတစ်ဖက်ကို သူ့ရဲ့ဖြူဖွေးနေတဲ့ လက်ညှိုးနဲ့ ဖြည်းဖြည်းလေးတို့လိုက် မိတယ်

ပါးလေးကအိစက်နေပြီး လက်ချောင်းလေးကအတွင်းကိုနစ်ဝင်သွားတယ် Jimin ရဲ့နှုတ်ခမ်းလေးကဆူသလိုဖြစ်သွားတော့ Yoongi ပြုံးလိုက် မိသည်

အောက်လည်းပြန်ငုံ့ကြည့်လိုက်တော့ Jimin မျက်စိပွင့်လာသည်

Yoongi တစ်ယောက်ကြောင်သွားပြီး လက်ကိုလည်းပြန်မဖယ်မိ Jimin ကလည်းကြောင်တောင်တောင်နဲ့ ပြန်ကြည့်နေသည်

"အော် အမ် မင်း မင်း ကိုယ်ပူနေလားလို့ကိုင်ကြည့်တာ"

Yoongi တယောက်ရှက်ရမ်းရမ်းပြီးလျှောက်ပြောလိုက်တာ စကားတွေတောင်ထစ်လို့

Jimin : ကျွန်တော်အခုဘယ်ရောက်နေတာလဲဟင်

Yoongi : ဆေးရုံမှာပါ မင်း Basket ball ကွင်းထဲဝင်လာတုန်း ကိုယ့်ဆီက ဘောလုံးက ခေါင်းကိုမှန်သွားလို့ မူးလဲသွားတာ ကိုယ့်ကြောင့်ဖြစ်သွားတာတောင်းပန်ပါတယ်နော်

Unexpected Love    ||    MYG × PJMWhere stories live. Discover now