Part - 11

696 99 3
                                    

Unicode 🎀

အမြင်အာရုံတို့ ဝေဝါးနေတုန်း လူရိပ်တစ်ခုကို
ခပ်ရေးရေးလေး လှမ်းမြင်နေရသည်

ပုံစံက ခပ်သေးသေး ပုပုလေး
ကလေးငယ်နဲ့ အရွယ်တူလောက်လေး
ကလေးငယ်လေးများလား ?

ခေါင်းက ဒီဘက်လည်ပြီး ဖြတ်ခနဲ လှည့်ကြည့်လိုက်တော့ တကယ်ပဲ ကလေးငယ်

ချက်ချင်းပြန်လှည့်သွားပြီး ​မြူခိုးတွေကြားကွယ်ပျောက်သွားသည်

* ကလေးရယ် ခဏလေးစောင့်ပါဦး
ကိုကို ရှင်းပြချင်တာလေး ရှိလို့ပါ *

မြူခိုးတို့ကြား လိုက်သွားရှာရင်း
ကလေးငယ်ရဲ့ စူးစူးဝါးဝါး အော်သံကို ကြားလိုက်ရသည်

" ကလေးလေး !!
ကိုကို့ကလေးလေး ဘာဖြစ်တာလဲ
ကိုကိုလာပြီလေ ကလေးရေ ဘယ်မှာလဲကွာ "

အရူးတစ်ယောက်လိုအော်ဟစ် လိုက်ရှာနေရင်း ဖြတ်ခနဲ ကလေးငယ်ရဲ့ ပျောက်ကွယ်လုနီးနီး အရိပ်လေး ကို လှမ်းမြင်လိုက်ရသည်

အိပ်မက်ဆိုးက လန့်နိုးခဲ့တုန်းက ပုံရိပ်နဲ့တစ်ထပ်တည်း

မျက်ဝန်းပေါ်မှာ မျက်ရည်ဥတို့က နေရာယူလျက်

" ကိုကို ကျွန်တော်ကြောက်တယ် "

အသံသေးသေးလေးဖြင့် နှုတ်ဖျားလေး လှုပ်ရုံပြောလိုက်တာကို ကြားလိုက်ရပြီးပြီးချင်း
ကလေးငယ်ရဲ့ ပုံရိပ်တို့ တစ်ခဏချင်းမှာတင် အကုန်ကွယ်ပျောက်သွားသည်

" ကလေးးးးး "

" သတိထားပါဦး လူနာ လူနာ နိုးလာပြီလား ? "

Yoongi တစ်ယောက် မေ့မြောရင်း နှစ်ရက်
အကြာမှ နိုးလာသည်

* အော် ဖြစ်ခဲ့တာတွေက အိပ်မက်ဆိုး သက်သက်ပါပဲလား *

ခေါင်းတွေအရမ်းကိုက်လာသည်
အဲ့အကြောင်းပြန်မတွေးချင်
အဲ့ထဲကလို ဖြစ်မှာကိုလည်း အရမ်းကြောက်ပါသည်

ကလေးကို အဆုံးရှုံးမခံနိုင်ဘူး
ကိုယ့်ဘဝကြီး ဘာပဲ ဖြစ်သွားပါစေ
ကလေးနာကျင်ရမှာကိုတော့ မလိုလားဘူး ...

" လူနာ ခဏ ပြန်နားနေပေးပါနော် စိတ်ငြိမ်ဆေးထိုးပေးပါ့မယ် ခဏလေး ပြန်လှဲပေးပါ "

Unexpected Love    ||    MYG × PJMWhere stories live. Discover now