Part - 2

1.1K 165 9
                                    

Unicode 🎀

Jimin တစ်ယောက်ကျောင်းခန်းထဲဝင်လာတော့ အခန်းထဲမှာလူတော်တော်ပင်ဆုံနေပြီ

သူဝင်လာတော့တချို့မိန်းကလေးတွေကခပ်တိုးတိုးပြောကြသည် ချစ်စရာလေး အခန်းမှားလာတာလားဘာညာပေါ့

ပြောသံတွေကိုသူမကြားနိုင်ဘဲ နေရာလွတ်လိုက်ရှာနေမိသည်

ဟော တွေ့ပါပြီ နောက်ဆုံးတန်းရဲ့ ရှေ့၂ခုံမြောက်က ကောင်လေးတစ်ယောက်ရဲ့ဘေးမှာနေရာလွတ်နေတယ်

ကောင်လေးကိုလှမ်းကြည့်တော့ Jimin က ကျောင်းသားသစ်မှန်းလည်းသိသွားတယ်ထင်ရသည် သူကလက်လှမ်းပြပြီးဘေးမှာလာထိုင်ခိုင်းသည်

Jimin လေးနေရာယူလိုက်တော့ ကျောင်းသားဘက် မှစကားစပြောလာသည်

"ငါ့နာမည် Kim Taehyung ပါ မင်းကကျောင်းသားအသစ်ထင်တယ် သူငယ်ချင်းလုပ်ကြမယ်လေ ဟီးဟီး"

ကျောင်းသားကပြောရင်း ဖြီးနေအောင်ပြုံးပြသည်
ပြုံးလိုက်တော့ နှုတ်ခမ်းလေးတွေကအသည်းပုံလေးလိုဖြစ်သွားတာကိုပင် Jimin သတိထားလိုက် မိသည်

"ငါ့နာမည် Park Jimin ပါ busan ကနေပြောင်းလာတာ"

Jimin ကိုယ့်ကိုယ့်ကို မိတ်ဆက်ပေးရင်း Taehyung ကိုပြန်ပြုံးပြလိုက်သည် မျက်လုံးလေးတွေပင်မှိတ်သွားတဲ့အထိ

Tae : အဲ့ဒါဆို ဒီကျောင်းကနေရာတွေရယ် ဒီကျောင်းကလူတွေအကြောင်းရယ် မင်းကိုနောက်နေ့ကျလိုက်ပြောပြမယ်နော်

Jimin : အာ ကျေးဇူးပါပဲကွာ

Tae : ရပါတယ် မင်းကလည်း

*ထိုစဉ် ဆရာဝင်လာတော့ Jimin တို့၂ယောက်စကားပြောတာ ရပ်သွားကြသည် တစ်တန်းလုံးဆရာ့ကိုထနှုတ်ဆက်ကြသည်*

နှုတ်ဆက်ပြီးပြန်ထိုင်တော့ဆရာက
"ကဲ ဆရာ့နာမည် Bang Shihyuk ပါ မင်းတို့အားလုံးနဲ့တွေ့ရတာ ဝမ်းသာပါတယ် ဒီတစ်နှစ်လုံးတူတူကြိုးစားကြမယ်နော်"

"Nae.."
*အားလုံးသံပြိုင်ဖြေလိုက်ကြသည်*

*ထို့နောက်ဆရာက ကျောင်းသားစာရင်းကိုကြည့်လိုက်ပြီး ဆက်ပြောသည်*

"ကဲ မင်းတို့ကကျောင်းသားဟောင်းတွေဆိုတော့ အချင်းချင်းသိပြီးသားဖြစ်မှာပါ ဒါပေမယ့်ဆရာကျောင်းသားအသစ်တစ်ယောက် မိတ်ဆက်ပေးစရာရှိတယ်"

Unexpected Love    ||    MYG × PJMWhere stories live. Discover now