Part - 8

818 116 6
                                    

Unicode 🎀

Unexpected Love ❣️
Part - 8 ✨

နံနက်ခင်းတိုင်းမှာ သူနဲ့အတူတူရှိနေလို့ ပျော်တယ်

နေ့လည်တိုင်းမှာ သူ့ရဲ့မျက်နှာကိုကြည့်ပြီး နေ့လည်စာစားရတာ ပြီးပြည့်စုံတယ်

ညနေခင်းတိုင်းမှာ သူ့ရဲ့လက်ကိုကိုင်ပြီး အိမ်ပြန်ရတာ လုံခြုံတယ်လို့ခံစားရတယ်

အမြဲဘေးနားမှာ ရှိပေးနေပြီး ဂရုစိုက်ပေးလို့ရမလား?

ခင်ဗျားမရှိရင် ကျွန်တော့်ဘဝကြီးတော့ လုံးဝသွားပြီဗျာ

အဲ့လောက်ထိ ခင်ဗျားကို ကျွန်တော် စွဲလမ်းပြီး ချစ်မိနေပြီဗျာ

အဆုံးသတ်ဆိုတာ ရှိမလာပါစေနဲ့

ဟင့်အင်း ရှိမလာပါဘူး အမြဲလက်တွဲသွားမှာ

အတွေးတွေက Jimin ကို ညည အိပ်မပျော်စေခဲ့ပါဘူး

ဒါပေမယ့် နိုးထလာတဲ့ မနက်ခင်းတိုင်းမှာ သူကမျက်နှာလေးကို မြင်လိုက်တိုင်း အတွေးတွေက ရှိတောင်မရှိခဲ့ဖူးသလို ပျောက်ကွယ်သွားတယ်

ညနေခင်းတစ်ခု အိမ်ပြန်ရင်း လမ်းလျှောက်နေတုန်း

"ကိုကို"

"ဗျာ ကလေးလေး"

"ကျွန်တော့်ကို ဘယ်လိုအခြေအနေမျိုးမှာဖြစ်ဖြစ် ထားမသွားဘူးမလား"

"မထားပါဘူး ကလေးလေးရယ် အခက်အခဲပြသာနာတိုင်းကို ကလေးရဲ့ လက်ကိုဆွဲပြီး ရင်ဆိုင်မှာ ဘယ်တော့မှလွှတ်မပေးဘူးနော်...
အဲ့ဒါကြောင့် လျှောက်မတွေးနဲ့တော့ အရမ်းချစ်တယ်ကလေး"

*ပြောရင်း Jimin ရဲ့နဖူးကို ဖွဖွလေး နမ်းလိုက်တော့ ပါးဖောင်းဖောင်းလေးတွေ နီသွားသည်*

"ဟုတ် ကိုကို ကျွန်တော်လည်း ချစ်တယ်"

ကလေးစိတ်ချမ်းသာအောင် ပြောသာပြောရတာ ဒီရက်ပိုင်း Yoongi စိတ်တွေ တော်တော်လေးနေသည်

နောက်ကလူတစ်ယောက်လိုက်လာသလို ခံစားရလို့ ဖြတ်ခနဲ လှည့်ကြည့်တော့ ဘယ်သူမှမရှိ

ညရောက်တော့ ခုတင်ပေါ်မှာ Yoongi တစ်ယောက် အတွေးပေါင်းစုံနဲ့အိပ်မပျော်

Unexpected Love    ||    MYG × PJMWhere stories live. Discover now