Part - 7

875 134 2
                                    

Unicode 🎀

ကျောင်းရောက်ခါနီးတော့ ကိုကိုကစပြောသည်

"ကလေး ကျောင်းမှာတော့ ပုံမှန်လိုပဲနေချင်တယ်မလား?"

ကိုကိုဘာကိုဆိုလိုလဲကျွန်တော်နားလည်သည်

ကျွန်တော့်ဘက်ကအဲ့ကိစ္စကိုစပြောဖို့အရမ်းအားနာနေတော့ ပြောမထွက်

ကိုကိုကနားလည်ပေးသည်ကိုသိရတော့ အရမ်းဝမ်းသာမိသည်

"ဟုတ် ပုံမှန်လိုပဲနေကြမယ်လေ အဆင်ပြေရဲ့လား ကိုကို"

"ရတယ် ကလေးသဘောပါ ကိုကိုက ပုံမှန်လိုဆိုလည်းရတယ် ကလေးအဆင်ပြေတဲ့အချိန်ကျရင်တော့ official တွဲကြမယ်နော်"

"ဟုတ်ကဲ့ ကိုကို ကျေးဇူးတင်ပါတယ် နားလည်ပေးလို့"

Jimin လေးရဲ့မျက်နှာမှာ အပြုံးလေးပေါ်လာတော့ နဖူးလေးပေါ်အနမ်းတစ်ချက်ခြွေလိုက်သည်

**ကျောင်းရောက်တော့**

"ဟေ့ရောင် Jimin"

လှည့်ကြည့်လိုက်တော့ Taehyung

Jimin : အေး Taehyung ဟီးဟီးး

Tae : ဟမ် ဘာမှတောင်မပြောရသေးဘူး စပ်ဖြီးဖြီးနဲ့ ဘာဖြစ်နေတာလဲ

Jimin : မဖြစ်ပါဘူး ဟီးဟီးး

ကားပေါ်မှာကိုကိုနဲ့ကြည်နူးခဲ့ပြီးနောက် Jimin တစ်ယောက် မျက်နှာပိုးမသတ်နိုင်သေး

Tae : ဟေ့ရောင် Park Jimin မင်းမျက်နှာကြည့်တာနဲ့ ငါသိတယ်နော် ငါ့ကိုမလျှိုနဲ့ မှန်မှန်ပြော

Jimin : မင်းကလည်းကွာ တိုးတိုးပြောစမ်းပါ လာခဲ့ ပြောပြမယ်

**ဖြစ်ကြောင်းကုန်စင်ပြောပြပြီးသော်**

"ဘာ !?!?"

အလန့်တကြားထအော်သော Taehyung ကြောင့်တစ်တန်းလုံးကဝိုင်းကြည့်ကြသည်

တော်သေးတယ် ဆရာ မရောက်သေးလို့

Jimin : မင်းကလည်း တိုးတိုးပြောပါဟ

Tae : တကယ်... တကယ်ကြီး ဖြစ်သွားပြီလား?

Jimin : ဟုတ်တယ်

Tae : ပြီးတော့ မင်းတို့...မင်းတို့ တူတူအိပ်.. အိပ်?

Jimin : ဟာ အိပ်တယ်ဆိုတာ ဟိုလိုမဟုတ်ဘူး ငါအိမ်လမ်းမမှတ်မိတော့တာနဲ့ သူ့အိမ်မှာလိုက်အိပ်တာ ဘာမှမဖြစ်သွားပါဘူးကွာ

Unexpected Love    ||    MYG × PJMWhere stories live. Discover now