Part - 5

1K 146 20
                                    

Unicode 🎀

Yoongi တစ်ယောက် Jimin ကိုခေါ်လာခဲ့ပြီး နီးစပ်ရာ coffee ဆိုင်ထဲသို့ဝင်ထိုင်လိုက်သည်

ဆိုင်ဖွင့်နေသေးလို့တော်သေးတယ် လူကတော်တော်ရှင်းနေသည်

ကော်ဖီပူပူလေး ၂ခွက်မှာလိုက်ပြီး Jimin လေးကိုလှမ်းကြည့်လို့ ချမ်းလွန်းလို့တုန်နေသည်

ပုံမှန်နီရဲနေသောနှုတ်ခမ်းထူထူလေးတွေက ပြာနေတော့ Yoongi တော်တော်စိတ်မကောင်းဖြစ်သွားမိသည်

Jimin ရဲ့လက်သေးသေးလေးတွေကိုဆုပ်ကိုင်လိုက်တော့ အရည်လဲ့နေသော မျက်ဝန်းများနဲ့ Yoongi ကိုပြန်ကြည့်လာသည်

"ကလေး ဘာဖြစ်တာလဲဟင် ကိုယ့်ကိုပြောပြပါလား"

"ခင်ဗျား.. ခင်ဗျား..." ပြောရင်း အသံလေးများတုန်လာသည်

"ဘာဖြစ်လို့လဲဟင် ကလေး ကိုယ်ဘာလုပ်မိလု့ိလဲ"

"ဘာလို့ကျွန်တော်လိုအပ်တဲ့အချိန်တိုင်းရောက်လာရတာလဲ

ခင်ဗျားအဲ့လိုလုပ်တိုင်းကျွန်တော့်မှာ စိတ်တွေယိမ်းယိုင်မိတယ်

တစ်ခါမှရင်မခုန်ဖူးတဲ့ကျွန်တော်က ခင်ဗျားရဲ့အကြည့်တချက်မှာတင် ပျော့ခွေကျသွားပြီး ရင်ဘတ်ထဲဝုန်းဒိုင်းကြဲသွားရတယ်

ခင်ဗျားကတော့ နောက်လိုက်တာပဲ ဒီကကောင်ကတော့ရူးမတတ်ဖြစ်သွားရတာရော သိရဲ့လားဗျာ

ခင်ဗျားကိုတစ်ရက်မတွေ့တာနဲ့ကျွန်တော်လုံးဝမနေနိုင်ဘူး အရမ်းလွမ်းလာတယ်

ခင်ဗျားရဲ့အမူအရာတိုင်းကိုမြတ်နိုးတယ် ခင်ဗျားကိုမြင်လိုက်ရရင်ကိုအရမ်းပျော်တယ်

ခင်ဗျားကျွန်တော့်ကိုအထင်သေးသွားမယ်ဆိုတာသိပါတယ်

ဒါပေမယ့်ကျွန်တော့်ကိုကျွန်တော်တောင်မထိန်းချုပ်လိုက်နိုင်ဘဲအရမ်းချစ်မိသွားတယ်ဗျာ."

Jimin လေးတစ်ယောက် ရင်ထဲမှစကားလုံးအကုန်ပွင့်ထွက်ကျလာသည်

အားလုံးပြောပြီးအဆုံး ရှိုက်ကြီးတငင်ငိုတော့သည်

Yoongi လည်း Jimin လေးပြောသမျှကိုပါးစပ်အဟောင်းသားဖြင့်နားထောင်နေမိသည်

Unexpected Love    ||    MYG × PJMWhere stories live. Discover now