"မင်းက လျိုမိသားစုဝင်မဟုတ်ဘူး"ထွက်ပေါ်လာသည့်အသံက ခက်ထန်နေသည်မဟုတ်ပေမယ့် နူးညံ့နေခြင်းမျိုးတော့လည်းမဟုတ်ပေ။
သို့သော် လူရိပ်လူယောင်လုံးလုံးမမြင်ရပါပဲ အသံကိုပဲနီးကပ်စွာကြားနေခြင်းပင်။လီရှန်းမှာ ဘာဆိုဘာမှတွေးမနေတော့ပဲ ချက်ခြင်းဒူးပင်ထောက်ချကာဖြင့် ခေါင်းငုံလိုက်ပြီး
"လျိုသခင်လေးနဲ့ သခင်မလေးတို့က အရမ်းကိုငယ်ရွယ်သေးတဲ့အတွက်
ကျနော်က ကျိန်စာမှာစတေးခံဖို့ရောက်လာခဲ့တာပါ
ကျေးဇူးပြုပြီးခွင့်လွတ်ပေးပါ
လျိုအိမ်တော်မှာပဲမွေးပြီး လျိုအိမ်တော်မှာပဲကြီးပျင်းခဲ့တာမလို့
ကျနော်ကလည်းလျိုအိမ်တော်ကလူပါပဲ
အဲတာကြောင့်မလို့ ကျနော့်ကိုပဲ..."လီရှန်းစကားတို့ အဆုံးမသတ်နိုင်သေးခင်မှာပဲ
ထပ်ပြီးအသံမထွက်နိုင်အောင် နွေးထွေးနူးညံ့သည့်တစ်စုံတစ်ရာက လီရှန်းနုတ်ခမ်းသားတွေထက်မှာ နေရာယူလာခဲ့သည်။
ရုတ်တရတ်မို့
ဘာကိုမှမတွေးနိုင်သေးပေမယ့်လည်း
ထိုအရာက နုတ်ခမ်းတစ်စုံနှင့်ဆင်တူလှသည်ကိုခံစားရတာကြောင့်
လီရှန်းရဲ့အသိတို့မှာ ပြာဝေသွားရပြီး
စိတ်ထဲ၌ မဖြစ်နိုင်ဟုအကြိမ်ကြိမ်ရေရွတ်နေမိရင်း
ထိုမမြင်ရာသည့်အရာက သူ့နုတ်ခမ်းကိုဖိကပ်နေတာကိုစဉ်းစားမိတော့ အသဲအူထဲထိထိတ်လန့်လာခဲ့ရသည်။တကယ်ကြီးထိုအရာကိုမမြင်ရတာပါ။
ထိုအခန်းထဲမှာလည်းလီရှန်းတစ်ယောက်ထဲရှိနေခဲ့တာ။သို့သော်လည်း ထိုနွေးအိအိအရာက နုတ်ခမ်းထက်ကဖယ်ခွာပြီး လည်တိုင်စီရောက်လာတာမို့ ဒါကဘယ်လိုအဓိပ္ပါယ်ဆိုတာ အထွေအထူးစဉ်းစားနေစရာပင်မလိုအပ်တော့ပေ။
လီရှန်းသည်ပင်လည်း အရွယ်ရောက်နေသည့်သူတစ်ဦးပေမို့ ဒါကအန္တာရယ်ရှိသည့်အခြေနေမှန်း
ရိပ်မိပေမယ့်လည်း
ဘယ်လိုလုပ်ပြီးများငြင်းဆန်ရမှာတဲ့လဲ။ီမမြင်ရတဲ့အရာက လူသားမဖြစ်နိုင်တာမို့
မကောင်းဆိုးဝါးမဟုတ်ရင် မိစ္ဆာကြီးပဲဖြစ်နေမှာမဟုတ်ဘူးလား။
YOU ARE READING
The frozen heart of the fire king (Completed)
Fantasyမီးနတ်အရှင်သခင်နဲ့ လူသားကောင်လေးတို့ကြားက ဘာညာဘာညာ 😒 #မီးနတ်အရှင်သခင်နဲ့ လူသားကောင်လေးတို့ကြားက ဘာညာဘာညာ 😒 #ပေါက်စပိစိ