"ဘာလို့တိတ်သွားတာလည်း
မင်းရဲ့ပင်ဂိုပုံစံအတိုင်း စကားများတာတွေမလုပ်တော့ဘူးလား"ရင်းယာန်စကားတို့က ခပ်စစဖြစ်နေမှာတော်အသေချာပင်။
အပြေးအလွှားမှတ်ဉာဏ်တွေကို တူးဖော်နေပုံရတဲ့လီရှန်းပုံကလည်း မထုံတတ်တေးအမူရာနဲ့ ရယ်ချင်စရာကောင်းနေခဲ့သည်ကိုး။အတန်ငယ်အချိန်ကြာမှ စဉ်းစားရကျပ်သည့်လေသံနဲ့ ထိုလူသားပြန်ဖြေလာသည်က...
"ပြန်စဉ်းစားကြည့်နေတာ ဘယ်မှာသိခဲ့လည်း....
ဘယ်တုန်းကသိခဲ့လည်းဆိုတာ...""ငတုံး...!!"
ရင်းယာန်ရဲ့ပြစ်ပြစ်နှစ်နှစ်ဝေဖန်သံကြောင့်ထင် အဲဒီမလှမပမျက်ဝန်းတွေနဲ့ကြည့်လာသည်။
::ငယ်ငယ်တုန်းကအတိုင်းပဲ
ရင်းယာန်ကြည်နူးစရာတစ်ခုအားတွေ့သည့်နှယ်
ရယ်သွေးလွှမ်းနေရင်း..."သစ်ပင်သရဲကိုမှတ်မိသေးလား..."
ဖျတ်ခနဲလက်သွားတဲ့လီရှန်းမျက်လုံးတွေကြောင့် ရင်းယာန်ပိုလို့တောင်ရယ်မိသည်။
လီရှန်းတစ်ယောက်ကတော့ ငယ်ဘဝကပုံရိပ်တချို့ကိုပြန်မြင်ယောင်နေပုံရသည်။
"ငါသောက်ရမ်းတွေပျင်းနေလို့ လူ့ပြည်ကချစ်ဖို့ကောင်းတဲ့ကလေးလေးတွေကို
လိုက်စနေတာလေ
အဲတုန်းကမင်းကဒီထက်တော့ပိုချစ်ဖို့ကောင်းတယ်""အဲ..အဲဒီတုန်းက
သရဲအစစ်မဟုတ်ဘူးပေါ့"အထစ်ထစ်အငေါ့ငေါ့နဲ့ တလောကလုံးက အထူးဆန်းဆုံးအံသြင့်စရာကိုတွေ့လိုက်တဲ့ပုံနဲ့ မေးလာတဲ့ပုံက တကယ့်ကိုနရင်းအုပ်ချင်စရာလေး။
"မဟုတ်ဘူး...မင်းကလေ အတော်ရယ်ရတဲ့ကောင်လေး
သရဲကိုကြောက်ပေမယ့်
မုန့်တွေလာလာချပေးပြီးပြေးသွားတတ်တာ...."ခေါင်းတရမ်းရမ်းနဲ့အတိတ်ကိုပြန်တွေးကာပြောနေရင်း
ရင်းယာန်ရယ်ချင်စိတ်တွေလည်းမထိန်းနိင်ခဲ့ပေ။
ထိုအချင်းရာကို လှောင်နေသည်လို့များထင်သွားလားတော့မသိ ထိုလူသားကဖြေရှင်းချက်ထပေးလာသည်။"အဲတုန်းကအရမ်းငယ်သေးတော့ သရဲလည်းဗိုက်ဆာတတ်မယ်ထင်တာ အဲတာကြောင့်...
ကလေးတွေကိုစားဖို့ကြံနေတာထင်နေတာ အဲတာကြောင့်...."
VOUS LISEZ
The frozen heart of the fire king (Completed)
Fantasyမီးနတ်အရှင်သခင်နဲ့ လူသားကောင်လေးတို့ကြားက ဘာညာဘာညာ 😒 #မီးနတ်အရှင်သခင်နဲ့ လူသားကောင်လေးတို့ကြားက ဘာညာဘာညာ 😒 #ပေါက်စပိစိ