လီရှန်းသတိပြန်ရလာတော့ ဂုတ်ပိုးဘက်ကအောင့်သက်သက်နဲ့မို့ ရူံ့မဲ့ရင်းထလိုက်သည်။အခန်းကို့ကြည့်ခြင်းအားဖြင့် အရှင့်အဆောင်ပင်။
သို့သော်လည်းလူရိပ်လူယောင်ကားမတွေ့။စိတ်ထဲမှာရင်းနီးနေတဲ့အငွေ့အသက်ကြောင့် အရှင်ရှိနေမည်လို့လီရှန်းခံစားနေရသည်။ထို့ကြောင့်လေသံပြတ်ပြတ်နဲ့မေးလိုက်သည်။
"အရှင်ရှိတယ်မလား..."
နိုးလာတာမြင်ပေမယ့် အောင့်သက်သက်အသံကြားမှဖုန်းရွှမ်ထိုလူသားအားကြည့်လိုက်မိသည်။
လက်တစ်ဖက်ကသူ့ဂုတ်ပိုးသူဖိနိပ်နေတော့ ရိုက်လိုက်မိသည့်အတွက် စိတ်ထဲနည်းနည်းတော့မကောင်းဖြစ်သွားပေမယ့်လည်း ခံစားချက်ကထိုထက်တော့မပိုမိခဲ့။"ရှိလားလို့...!!"
စိတ်မရှည်လို့လီရှန်းအော်ပြစ်လိုက်သည်။
"ရှိတယ်..."
အေးဆေးနေတဲ့ဖြေသံက မကြည်လင်တဲ့စိတ်ကိုဒေါသထွက်စေဖို့ တမင်များစွနေသလားလို့တောင် လီရှန်းထင်နေမိသည်။
မျက်နှာကိုအသားကုန်ဆူပုတ်ထားရင်း ခုနကအကြောင်းကိုသေချာပြန်တွေးကြည့်လိုက်သည်။
မြို့တော်ကအစေံတွေထက်ပင် စုတ်စုတ်ပြတ်ပြတ်ဝတ်ဆင်ထားတဲ့
ထိုမိန်းကလေးက ရို့ထို့ခန့်မှန်းသလို မုဆိုးတစ်ဦးဦးရဲ့သမီးပင်ဖြစ်လိမ့်မည်။
မဟုတ်ရင်တော့ တောင်တောထဲကရွှာငယ်လေးတွေမှာ နေထိုင်သူပဲဖြစ်မည်။
နွမ်းပါးတဲ့အဝတ်တွေဝတ်ထားတာတောင်မှ ရှင်းသန့်နေတဲ့မျက်နှာကပေါ်လွင်နေတာဖြစ်လို့ မိန်းမချောတစ်ဦးလို့ဆိုလို့မရရင်တောင် ကြည့်ပျော်ရူပျော်လေးတော့ရှိရှာသည်။
တဖြည်းဖြည်းပြန်စဉ်းစားရင်း ဂုတ်ပိုးစီကနာကျင်ကာအသိပြတ်သွားရသည်ကို တွေးမိတော့ မျက်ခုံးနှစ်ဖက်ကအလိုလိုတွန့်ချိုးမိလာသည်။"ကျနော့်ကိုရိုက်တယ်...ရိုက်တယ်ပေါ့လေ"
ခုနကအဖြေလာထားသည့်ဘက်ကို မှန်းကိုကြည့်ရင်း မယုံကြည်နိုင်ကာ အံသြလွန်းသည့်လေသံနှင့်မေးလိုက်မိသည်။
ထိုအခါ နည်းနည်းလေးတောင် စိတ်မကောင်းဖြစ်ဟန်မတူတဲ့ အေးစက်စက်စကားသံကထွက်ပေါ်လာသည်။
![](https://img.wattpad.com/cover/207565266-288-k113150.jpg)
YOU ARE READING
The frozen heart of the fire king (Completed)
Fantasyမီးနတ်အရှင်သခင်နဲ့ လူသားကောင်လေးတို့ကြားက ဘာညာဘာညာ 😒 #မီးနတ်အရှင်သခင်နဲ့ လူသားကောင်လေးတို့ကြားက ဘာညာဘာညာ 😒 #ပေါက်စပိစိ