အိပ်ရာကနိုးနိုးလာချင်းတွေ့လိုက်ရတဲ့
ခန္ဓာကိုယ်ပေါ်က ကိုက်ရာခဲရာတစ်ချို့ကြောင့် လီရှန်းသက်ပျင်းချသာလိုက်မိသည်။
အိပ်ရာကနိုးလာရင် နာကျင်ခြင်းတွေမရှိတော့ပေမယ့် အားနည်းတာက ပိုပိုဆိုးလာသည်ဟုထင်ရသည်။ပြာဝေနေတဲ့မျက်လုံးကိုပြူးပြဲဖွင့်ရင်း
အဆောင်ဘေးက ဥယျာဉ်ငယ်လေးထဲဆင်းလာခဲ့ကာ ညကအဖြစ်ပျက်ကြီးကိုမတွေးတော့ပဲ
စိတ်ပြေလက်ပျောက်
ပန်းပင်တွေရေလောင်းနေလိုက်တော့သည်။
မမြင်ဖူးတဲ့ပန်းတွေပေမယ့်
အဆင်းလှသလိုအနံ့မှာလည်း
မွေးလိုင်နေသည်။
သူများအိမ်မှာအစေခံဖြစ်နေခဲ့ရလို့လားတော့မသိအပင်မြင်ရင် ရေလောင်းချင်သည့်စိတ်က ထိန်းမရတာကို
ကိုယ့်ကိုသဘောတကျရယ်မိနေတုန်း"လူသားလား...."
အသံကြောင့်လီရှန်းလှည့်ကြည့်လိုက်မိတော့ လူတစ်ယောက်က
လက်နှစ်ဖက်အားနောက်ပြစ်ကာဖြင့်
ရပ်နေပြီး လီရှန်အား အကဲခက်သလိုကြည့်နေလေသည်။"လူသားဟုတ်နေတာပဲ"
ထိုသူကထပ်မံပြောလာပြီး သစ်သားခုံတန်းလေးမှာဝင်ထိုင်လိုက်ရင်း လီရှန်းလက်ထဲကရေပုန်းကိုကြည့်ကာ ထရယ်လေသည်။
"ဝေ့...မင်းမီးနိုင်ငံတော်ကိုရောက်တာ မကြာသေးဘူးမလား
ဒီကအပင်တွေကရေလောင်းစရာမလိုဘူးလေ"လီရှန်းအံသြစွာနဲ့ လက်ထဲကရေပုန်းကိုတလှည့် အပင်တွေကိုတလှည့်စီကြည့်လိုက်မိသည်။ဘယ်အပင်ကများ
ရေမလောင်းပဲ ရှင်သန်နိင်ပါ့မလဲ။ဒါပေမယ့် ဒါကသာမာန်လူ့လောကမှမဟုတ်တော့လည်း..."တကယ်ပဲလား.. "
လီရှန်း အံသြသလို
ကြောင်ကြောင်လေးမေးလိုက်တော့ ထိုသူက ရုပ်တည်ကြီးနဲ့မေးပွတ်ကာတစိမ့်စိမ့်ကြည့်လာရင်းနှင့်"ငါကညာစရာလား နေပါဦး ဒီလောက်တောင်တုံးလွန်းတာ ဘယ်လိုလုပ်ပြီး မီးနိုင်တော်ကိုရောက်နေတာလဲ မင်းပုံက ကျင့်ကြံရေးလောကထဲကသူနဲ့လည်းမတူပါဘူး"
ထိုသူရဲ့အကြီးကျယ်စဉ်းစားနေပူံက နည်းနည်းလေးလောက် အမြင်ကပ်ဖို့ကောင်းတယ်ဆိုသည့်တိုင်
ခင်မင်ဖို့လည်းကောင်းသည်မို့ လီရှန်းကသာအဖြေပေးလိုက်တော့သည်။
YOU ARE READING
The frozen heart of the fire king (Completed)
Fantasyမီးနတ်အရှင်သခင်နဲ့ လူသားကောင်လေးတို့ကြားက ဘာညာဘာညာ 😒 #မီးနတ်အရှင်သခင်နဲ့ လူသားကောင်လေးတို့ကြားက ဘာညာဘာညာ 😒 #ပေါက်စပိစိ