( ပြန်ရစ်ခြင်း..)
ဇောင်လိတစ်ယောက် မျက်လုံးတစ်စုံနဲ့စုံမိသွားချိန်မှာတော့ အင်္ကျီကြိုးစဖြေနေတဲ့ လက်တွေရပ်တန့်ကုန်ရသည်။
ဘယ်ချိန်တည်းက သတိရနေပြီမှန်းမသိပေမယ့် ဘာမှမပြောပဲကြည့်ပဲကြည့်နေပုံထောက်တော့ အခြေနေတော့ဆိုးမယ့်ပုံမပေါ်ပေ။
ထို့ကြောင့် ဇောင်လိမှာသွားအဖြီးနှင့် မျက်နှာချိုသွေးကာဖြင့်"ဟဲဟဲ အိမ်ရှေ့စံလေး ငါမင်းကိုမရိုက်ချင်ပါဘူး လက်လွန်သွားတာပါ"
ရင်းယာန် ထိုမြေခွေးကို ခပ်ပြုံးပြုံးသာတုန့်ပြန်လိုက်ပြီး ကိုယ်ပေါ်ကမဖယ်သေးတဲ့လက်ကို ဖျတ်ခနဲဖမ်းဆုပ်လိုက်ရင်း...
"သြော်....ငါ့အင်္ကျီကြိုးဖြေနေတာလည်း လက်မထိန်းနိုင်လို့ပဲဖြစ်မယ်"
ရင်းယာန်ရဲ့ခပ်ရွဲ့ရွဲ့စကားကြောင့် ဇောင်လိတစ်ယောက်စကားပင်ထစ်ကုန်ရပြီး အမြန်ဖြေရှင်းချက်ပေးလိုက်ရသည်။
"မဟုတ်တာ မဟုတ်တာ
ကြိုးပြေနေလို့ချည်ပေးတာပါ
စိတ်ထဲမထားပါနဲ့ မကြိုက်ရင်မထိတော့ဘူးဟုတ်ပြီလား"သို့သော် ထိုနတ်ကယုံပုံမပေါ်။
သူက ဇောင်လိအားစေ့စေ့ကြည့်လာပြီး..."ငါနဲ့မိတ်လိုက်ချင်တယ်မလား "
ဇောင်လိမှာဖြေရခက်စွာနှင့်ပင် အခြေနေကစိတ်ထဲတစ်မျိုးတစ်မည်ဖြစ်နေတာကြောင့်အကြံကိုလည်း အကောင်ထည်မဖော်တော့ဘူးလို့ ဆုံးဖြတ်လိုက်ကာဖြင့်....
"အဲဒါက...အိမ်ရှေ့စံမှန်းမသိလို့ပြောမိတာပါ
မင်းပဲစဉ်းစားကြည့်လေ
ချင်းဖုန်းရွှမ်က ငါ့ကိုနှစ်ပေါင်းများစွာ ဒီတောထဲမှာပဲထိန်းသိမ်းထားတာ ဘယ်သူနဲ့မနီးနှောခဲ့ရဘူးလေ အဲဒါကြောင့်ပါ ငါ့ကိုခွင့်လွတ်မယ်မဟုတ်လားဟင်"ဇောင်လိမျက်နှာချိုသွေးနေသည်တိုင် ထိုနတ်ပြောလာသည်က ဇောင်လိအားကြောင်ထွက်သွားစေသည်။
"အပြစ်မယူပါဘူး
ငါက နောက်မှလို့ပြောမလို့ရှိသေး မင်းလက်ကမြန်တာကိုး"ထိုနေ့ညနေခင်းက....။
ရင်းယာန်တစ်ယောက်
ပေ့ထုံးငှက်ပေါက်အားပိုက်ကာ တစ်ယောက်ထဲ မြူးထူးစွာပြန်လာသောလမ်းတွင်ဖြစ်သည်။
KAMU SEDANG MEMBACA
The frozen heart of the fire king (Completed)
Fantasiမီးနတ်အရှင်သခင်နဲ့ လူသားကောင်လေးတို့ကြားက ဘာညာဘာညာ 😒 #မီးနတ်အရှင်သခင်နဲ့ လူသားကောင်လေးတို့ကြားက ဘာညာဘာညာ 😒 #ပေါက်စပိစိ