မီးနိုင်ငံတော်၏ အရှင်လေးဦးတို့ဆုံရာခန်းမတွင်ဖြစ်သည်။စားပွဲ၏ထိပ်ဆုံးနားမှာ စာလိပ်တစ်လိပ်က လေပေါ်တွင်ဖြန့်လျက်သားနှင့်
အထွေထူးတော့မဟုတ် ချင်းဖုန်းရွှမ်ဆိုသည့် မီးနိုင်၏အရှင်သခင်ကကိုင်ထားသောကြောင့်ပင်။ကျန်အရှင်သုံးဦး၏မျက်နှာတော်တွေမှာ မသာယာနိုင်ပဲသွေးစုပ့်ဖြူလျော်နေကျသည်။
တိတ်ဆိတ်နေသည့်ထိုအခန်းထဲတွင်ကား လေပြေတိုးသံ သဲ့သဲ့အားလည်း ရံဖန်ရန်ခါကြားရတတ်သေးသည်။
ထိုတိတ်ဆိတ်မူသည် အချိန်တစ်ခုထိကြာမြင့်ခဲ့ပြီး
တိတ်ဆိတ်မူအား စတင်ဖြိုခွင်းလိုက်သည်ကတတိယအရှင်ရှူံးယဲ့ပင်။"ဒါက ဘယ်လိုစော်ကားမူမျိုး..."
စကားကိုတောင်ပြီးပြတ်အောင်မပြောနိုင်လောက်အောင် ရှူံးယဲ့အသံတို့ကတုန်ရီနေသည်။
ကျန်သူများကမူ ရုတ်တရက်စွံအကုန်သည်အလား ဘာစကားမှထွက်မလာခဲ့ပေ။
ထိုအခါ ရှူံးယဲ့ကသည်းမခံနိုင်တော့သည်အလား
ဝုန်းခနဲထရပ်ကာ တုန်ရီနေသောအသံဖြင့်ဒေါသတကြီးဆိုလာခဲ့သည်။"ငါတို့အကုန်လုံးအပေါ်ကောင်းပေးခဲ့တယ်
ကောင်းပေးခဲ့တယ်လေ
ဘယ်မျိုးနွယ်စုမဆို ဘယ်လိုနတ်မျိုးနွယ်မျိုးမဆို အကူညီတောင်းသမျှ သူတို့အလိုရှိတာမှန်သမျှငါတို့လုပ်ပေးခဲ့တယ်
ဒါပေမယ့်ဘာလို့ ဘာလို့"ထိုစကားတို့အဆုံး
ဖုန်းရွှမ် မျက်ဝန်းတို့အားလေးပင်စွာမှိတ်ချလိုက်သည်။
လက်ထဲက နဂါးမျိုးနွယ်စုကခွဲထွက်သွားတဲ့ မြွေမျိုးနွယ်၏ မီးနိုင်ငံတော်ရဲ့နေရာအား အသာတကြည်ဖယ်ပေးရန်နှင့်
မဖယ်ပေးပါက သိမ်းပိုက်မည်ဟူဟောကမ်းလှမ်းစာကို စာပွဲပေါ်သို့ပြန်ချလိုက်သည်။လေပေါ်ထောင်ကာပြန့်နေတဲ့စာလိပ်လေး ဖြည်းငြင်းစွာစားပွဲပေါ်ကျသွားတော့ အကုန်လုံးရဲ့စူးစိုက်မူက စားပွဲထိပ်ကဘာမှရှိမနေသည့် ထိုင်ခုံသို့ရောက်သွားကျလေသည်။
စကားသံတစ်ခုခု တစ်နည်းအားဖြင့် ဒေါသထွက်သည်ပင်လည်း ကောင်းဝမ်းနည်းသည်ပင်လည်းကောင်းထွက်ပေါ်လာမည့်အသံအားနားစွင်နေ့သည့်တိုင် တိတ်ဆိတ်၍သာနေခဲ့သည်။
ESTÁS LEYENDO
The frozen heart of the fire king (Completed)
Fantasíaမီးနတ်အရှင်သခင်နဲ့ လူသားကောင်လေးတို့ကြားက ဘာညာဘာညာ 😒 #မီးနတ်အရှင်သခင်နဲ့ လူသားကောင်လေးတို့ကြားက ဘာညာဘာညာ 😒 #ပေါက်စပိစိ